ဇူလိုင် ၁၊ ဆောက်သမ်တန်။ ။ ဆောက်သမ်တန်အသင်းသည် ၂၀၁၆-၁၇ ဘောလုံးရာသီမတိုင်မီ အသက် ၅၄ နှစ်အရွယ် ပြင်သစ်လူမျိုးနည်းပြ ကလော့ပွဲကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။
ဇွန် ၁၄ တွင် နည်းပြရော်နယ်ကိုးမန်း အဲဗာတန်အသင်းသို့ပြောင်းသွားပြီးနောက် နှစ်ပတ်အကြာတွင် ဆောက်သမ်တန်အသင်း က နည်းပြသစ်တစ်ဦးခန့်အပ်လိုက်ခြင်းဖြစ်သည်။
ကစားသမားဘဝက မိုနိုကိုနောက်တန်းတွင် ၁၉၇၉ မှ ၁၉၉၆ ထိကစားခဲ့သော ကလော့ပွဲသည် နည်းပြဘဝတွင် လိုင်လီ၊ လိုင်ယွန်အသင်းတို့ကိုကိုင်တွယ်ခဲ့ပြီး နောက်ဆုံးကိုင်တွယ်ခဲ့သည့်အသင်းမှာ နိုက်စ်အသင်းဖြစ်သည်။
၎င်းသည်ဆောက်သမ်တန်အသင်းနှင့် သုံးနှစ်စာချုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းလေ့ကျင့်ခန်းအစီအစဉ်များ ပြန်လည်စတင်သည့် ဇူလိုင် ၁ ရက်မှာစကာ တာဝန်ယူမည်ဖြစ်သည်။
Ref; Daily Mail