မြောက်ကိုရီးယားတို့ ဒုံးကျည်ပစ်လွှတ်လာနိုင်သည့်အတွက် ဂျပန်က စစ်ရေးတပ်လှန့်ထား

မြောက်ကိုရီးယားတို့ ဒုံးကျည်ပစ်လွှတ်လာနိုင်သည့်အတွက် ဂျပန်က စစ်ရေးတပ်လှန့်ထား

ဇွန် ၂၁ ။                 ။ မြောက်ကိုရီးယားတို့ဘက်က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်သည့် အခြေအနေရှိနေခြင်းကြောင့် စစ်တပ်ကို တပ်လှန့်ထားရှိကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၁ ရက်တွင် ပြောကြားသွားသည်။

အလားတူ ယင်း၏ ရေတပ်နှင့် ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့များကိုလည်း နိုင်ငံဘက်သို့ ဦးတည်လာသည့် မည်သည့်ဒုံးလက်နက်ကိုမဆို ပစ်ချရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း ၎င်း အရာရှိက ပြောဆိုသွားသည်။

မြောက်ကိုရီးယားတို့အနေဖြင့် ယင်းတို့၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် တာလတ်ပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ဖွယ်ရှိပုံ ရသော်လည်း လက်ရှိအချိန်ထိ မည့်သည့်အရိပ်အယောင်မှ မတွေ့မြင်ရသေးကြောင်း တောင်ကိုရီးယား၏ ယွန်ဟက် သတင်းဌာနက တင်ပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက  လေးကြိမ်မြောက်ဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုရီးယားတို့ လုပ်ဆောင်ထားပြီးကတည်းက ဒေသတွင်း တင်းမာမှုများမှာ ပိုမို မြင့်တက်လာနေခဲ့ပြီဖြစ်သည်။

လက်ရှိရက်ပိုင်းအတွင်း မြောက်ကိုရီးယားတို့ဘက်က တာလတ်ပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ရန် ပြင်ဆင်နေသည့် အရိပ်လက္ခဏာများရှိနေခဲ့သည့်အတွက် စစ်တပ်ကို အသင့်အနေအထားတွင် ရှိနေရန် ပြင်ဆင်ထားကြောင်း ဂျပန်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly