ငြိမ်းချမ်းရေးအတွက် Reggae music နဲ့ တတ်နိုင်တဲ့ဘက်က လုပ်နေတယ်ဆိုတဲ့ စောဖိုးခွားနဲ့ တွေ့ဆုံခြင်း

ငြိမ်းချမ်းရေးအတွက် Reggae music နဲ့ တတ်နိုင်တဲ့ဘက်က လုပ်နေတယ်ဆိုတဲ့ စောဖိုးခွားနဲ့ တွေ့ဆုံခြင်း
ဓာတ်ပုံ - သီရိ

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ ကျွန်တော် ဒီကနေ့ ဖိတ်ခေါ်ထားတဲ့သူကတော့ ကျွန်တော်တို့ အဆိုတော် စောဖိုးခွားဖြစ်ပါတယ်။ သူဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီးတော့မှ သီချင်းတွေ တော်တော်များများကို ဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီးတော့ ကိုစောဖိုးခွားရဲ့ မျှော်လင့်ချက်တွေကိုလည်း မဇ္ဈိမတာဝန်ခံအယ်ဒီတာ ဦးမျိုးသန့် က မေးမြန်းသွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ စောဖိုးခွားခင်ဗျာ။ အကိုကလည်း ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ Movement တွေလုပ်တယ်။ Activity တွေ လုပ်တဲ့အခါမှာ ကျွန်တော်တို့နိုင်ငံရဲ့ အစိုးရသစ်လက် ထက်မှာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အထိ မျှော်လင့်ချက် ရနိုင်ပြီလို့ ပြောနိုင်မလဲခင်ဗျာ။

စောဖိုးခွား ။  ။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုတိုလေး ချုံပြီးပြောရမယ်ဆိုရင်တော့ အရင်တုန်းက လုပ်လို့မရတာတွေ အခုလုပ်လို့ရမယ်လို့တော့ မျှော်လင့်တယ်လေ။ ဆိုတော့ ငြိမ်းချမ်း ရေးဆိုတဲ့ အရာကို တည်ဆောက်မယ်ဆိုရင် အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့က အခြား ဘာနဲ့မှ တည်ဆောက်လို့မရပါဘူး။ နှလုံးသားနဲ့ တည်ဆောက်မှရမယ်။ ဆိုတဲ့အတွက်ကြောင့် တကယ့် အတွင်းကျပြီးတော့ စစ်မှန်တဲ့အရာနဲ့ တည်ဆောက်ဖို့ကျတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် စိတ်ထဲကရှိတဲ့အရာကို လွတ်လွတ်လပ်လပ်လုပ်ခွင့် စစ်မှန်တဲ့အရာကို ရွေးချယ်ဖို့   ဖော်ထုတ်ခွင့်ဆိုတဲ့ အရာ လိုပါတယ်။ ဆိုတော့ ကျွန်တော်ထင်ပါတယ်။ ဒီဟာတွေကို လုပ်လို့ရလာပြီလို့လည်း ကျွန်တော် မြင်တယ်။ အရင်အချိန်မှာလည်း ကျွန်တော်တို့က လုပ်လို့မရတာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ မှာ အချို့နေရာလေးတွေမှာ အတားအဆီးလေးတွေ ရှိတဲ့အတွက်မို့ပေါ့နော် အခက်အခဲလေးတွေ ရှိတဲ့အတွက်ကြောင့်မို့ အရင်နဲ့ အခုနဲ့ကတော့ ကွာဟမှုကတော့ ရှိတာ သေချာတယ်။ ဒါပေမယ့် ကောင်းဘက်ကိုပိုလာတယ်ဆိုတာတော့ သေချာတယ်။ အကိုခုနကမေးတဲ့ မေးခွန်းကို ပြန်ပြီးတော့ အတိုချုံ့ ပြန်ဖြေရမယ်ဆိုလို့ရှိရင် ဒီအချိန်မှာတော့ ကျွန်တော်တို့က ပိုရလာတယ်ဆိုတာထက် ပိုလုပ်ရမယ်။ ပိုလည်း လုပ်သင့်တယ်ဆိုတဲ့ အခြေအနေကို ရောက်လာတယ်ပေါ့။ အခုဆိုလို့ရှိရင် သိတဲ့အတိုင်းပဲ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေဟာ ပဋိပက္ခဖြစ်ဖို့အတွက် ယမ်းက အရမ်းခြောက် နေတဲ့ ယမ်းတစ်ခု ဖြစ်နေတာပေါ့။ အဲ့တော့ ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးအတွက်ကို ပိုပြီးတော့ လုပ်ရမယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ အဲ့တော့ ပိုပြီးတော့မှာ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်တွေ ရလာတယ်လို့ ပြောတဲ့အခါမှာ ဘယ်အခြေအနေကို တိုင်းတာပြီးတော့မှ လုပ်ပိုင်ခွင့်တယ် ပိုရလာတယ်လို့ ပြောနိုင် သလဲခင်ဗျာ။

စောဖိုးခွား ။  ။ ဆိုပါတော့ဗျာ။ ကျွန်တော်ရဲ့ အတွေ့အကြုံနဲ့ပဲ ကျွန်တော်ပြောမယ်။ သဘော တစ်ခုက ငြိမ်းချမ်းရေး မက်ဆေ့ကို ကျွန်တော်က သီချင်းနဲ့ပေးတာ။ ကျွန်တော်နှစ်သက်တဲ့ Reggae နဲ့ ပေးတာ။ Reggae ဆိုတာ လွတ်လပ်ခြင်းကို အခြေခံတာ။ ငြိမ်းချမ်းရေးဆိုတာက လည်း ခုနက ကျွန်တော်ပြေသလို စိတ်ထဲကလာတဲ့ စစ်မှန်တဲ့အရာကို တကယ် လွတ်လွတ်လပ်လပ်   ဖော်ထုတ်ပြီးတော့ လုပ်ကိုင်ရမယ့် အရာတစ်ခုဖြစ်တယ်။ ဆိုတော့ ကျွန်တော်က စိတ်ထဲမှာ တွေးတယ်။ ကျွန်တော့ခေါင်းထဲမှာ မနေ့ကတုန်းက အဖြစ်အပျက်လေးတစ်ခုလာတယ်။ ညတုန်းက တွေးထားတယ်။ မနက်စောစောစီးစီမှာ ကျွန်တော် ဆင်းပြီးတော့ ဈေးတစ်ခုခုမှာ သီချင်းသွားဆိုတယ် ဆိုပါစို့ တကယ့်အဖြစ်အပျက်ပါ။ ဆိုတော့ ဒီဈေးမှာ သီချင်းထိုင်ဆိုတဲ့အခါကျတော့ လူတွေကလည်း ကြည့်တာပေါ့။ ဈေးထဲမှာဆိုတော့ လူတွေကလည်း နည်းနည်းဝိုင်းလာတော့ ဈေးစည်ပင်တို့က လာပြောတာပေါ့။ မင်းမှာ အသံချဲ့စက် သုံးခွင့်ရှိလားတို့ အသံချဲ့စက်မှာ ကျွန်တော်က ပေါ်တေဘယ် လေးနဲ့သွားတယ်။ တစ်ယောက်တည်း ထိုင်ဆိုတယ်ပေါ့။ အဲ့ဒါမျိုးလေးတွေပေါ့ဗျာ။ ဆိုလိုချင်တာက သူ့နေရာ သူ့ဧရိယာမှာ သတ်မှတ်ထားတာက ဒီဟာက ဘာလုပ်နေလဲ ကောင်းတဲ့အတွက် လုပ်နေ တာပဲ ဆိုတာထက်ကို ဒီမှာက ဒါတွေ မလုပ်ရဘူးဆိုတဲ့ officially ထုတ်ထားတဲ့ ဥပဒေကို ကိုင်ပြီး တော့မှ ခုနကပြောတဲ့ ကောင်းတဲ့ ငြိမ်းချမ်းရေးကိုပေးတဲ့ မက်ဆေ့ကို တားမြစ်တယ်။ ဒါမှမဟုတ်ရင် အခြားနေရာမှာ သွားလုပ်ကွား သူတို့နဲ့ လွတ်ရင်ပြီးရောဆိုတဲ့ အဲ့လိုအခက်အခဲတွေကတော့ ဒါက အသေးအမွားတစ်ခုပဲ ရှိပါသေးတယ်။ ကျန်တဲ့ အကြီးအမားတွေလည်း အများကြီး ရှိပါတယ်ပေါ့နော်။ အဲ့လိုအခက်အခဲတွေကို ကျွန်တော် ပြောတာပေါ့နော်။

အင်တာဗျူး ဗွီဒီယိုဖိုင်-https://www.facebook.com/MizzimaDaily/videos/1198608953507341/

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ အဲ့ဒါတွေကတော့ မရှိတော့ပါဘူးပေါ့နော်။ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့မှ ရလာတယ်ဆိုတော့ ခုနက ပိုလုပ်ဖို့လည်း လိုတယ်လို့ ကိုစောဖိုးခွားက ပြောတယ်ပေါ့နော်။ ကျွန်တော် တို့ ဘာတွေများ ထပ်လုပ်ဖို့ လိုဦးမလဲ။ ဒီ ငြိမ်းချမ်းရေးအတွက်ပါခင်ဗျာ။

စောဖိုးခွား။  ။ တကယ်တော့ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ကျွန်တော်တို့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ အဓိက structure ကို ကြည့်ရမှာပါ။ ကျွန်တော်တို့ မငြိမ်းချမ်းတဲ့ structure ကြီးက ဘယ်လောက် ကြီးမားနေလဲဆိုတာကို ကြည့်ရမယ်။ ကျွန်တော်တို့က အဲ့ structureကို ဖြိုခွဲပြီးတော့မှ ကောင်းတဲ့ structure တစ်ခုကို တည်ဆောက်မယ်။ ကောင်းတယ်ဆိုတာ ငြိမ်းချမ်းဖို့အတွက် ဆဲလ် တွေနဲ့ တည်ဆောက်မယ်။ ဟိုမှာကတော့ ငြိမ်းချမ်းရေးမဲ့မှုကို ဖြစ်ပေါ်စေတဲ့ structure ကြီးက အခိုင် အမာကြီး ရှိနေပြီ။ ဘာလို့လဲဆိုတော့ လူမျိုးရေး၊ ဘာသာရေး၊ အဲ့လို ပဋိပက္ခတွေ သိတယ်မှတ်လား။

မဇ္ဈိမ ။  ။ အဲ့တော့ သူ ခုနကပြောခဲ့ပါတယ် ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်မှု အနည်းငယ်ရှိ လာပြီ။ ကျွန်တော်တိုပ ဒါ ရှေ့ဆက်ပြီးတော့ လုပ်ရမယ့်အရာတွေလည်း အများကြီးရှိပါတယ်လို့ ပြောပါ တယ်ခင်ဗျာ။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးအတွက် ဘာတွေများ ဆက်လုပ်ဖို့ လိုမလဲလို့ ကိုစောဖိုးခွားကို မေးပါရစေခင်ဗျာ။

စောဖိုးခွား ။  ။ကျွန်တော် အမြဲတမ်းလည်း ပြောပါတယ်။ အဲ့ဟာတစ်ခုကို ကျွန်တော် ဘာလုပ် ဖို့လိုလဲဆိုတာ ကျွန်တော်တို့က ဒီမှာ လုပ်နေကြတဲ့သူတွေက အများကြီးပဲခင်ဗျာ။ တချို့ဆို နိုင်ငံခြား အဖွဲ့အစည်းတွေကတောင် ရှိတယ်။ ငြိမ်းချမ်းရေးအတွက် Funding တွေလိုလား ဘာလား Movement တွေကောင်းတယ်ဆိုရင် Proposal တွေတင်။ မင်းတို့ ဒီ Movement တွေ ကောင်းတယ် ဆိုလို့ ရှိရင် သူတို့ပေးမယ်။ အဲ့ဒီအဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအဖွဲ့အစည်းတွေ အကုန်လုံးက ကျွန်တော်တို့က ပြိုင်တူတွန်းမိတဲ့ တိုင်ပင်တစ်ခုကို တည်ပေးတဲ့ လူထုပဲ။ ပြိုင်တူတွန်းမှ ကျွန်တော်တို့က ရွေ့မယ်။ ဒါတွေက ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက သင်ခဲ့ရတဲ့ စာတွေ။ ပြိုင်တူတွန်းလျင် ရွေ့မယ်ဆိုတဲ့ တိုင်ပင်တွေ။ ဆိုပါတော့ ဝမ်း တူး သရီး ဆိုတဲ့ နေရာမှာ ဒီလူက ဝမ်းလောက်မှာ သွားတွန်းတယ်။ အလကားပဲ ဘာလို့လဲဆိုတော့ ဟို structure ကြီးက အရမ်းခိုင်နေတယ်။ ငြိမ်းချမ်းရေးကို ပျက်ပြားစေမယ့် ကျွန်တော်တို့နိုင်ငံမှာ Plan ကြီးတစ်ခု လောက်တောင် ဖြစ်နေတဲ့ structure ကြီးက ထုကြီးက အရမ်းကြီးတယ်။ ကျွန်တော်တို့က မြင်နေရတဲ့ အပိုင်းတွေကိုပဲ တွန့်နေတာ။ တကယ်တော့ အဲ့ဒီ structure ကြီး ရွေ့သွားပြီးတော့မှ ကျွန်တော်တို့ အဲ့ structure နေရာမှာ ငြိမ်းချမ်းစေတဲ့ ဆဲလ်တွေနဲ့ အစားထိုးပြီးတော့ ကျွန်တော်တို့ တည်ဆောက်ရမှာ။ အဲ့ဒါမှ ခိုင်သွားမှ ကျွန်တော်တို့ ဒီငြိမ်ချမ်းရေးကြီးက အမြဲတမ်း ထာဝရငြိမ်းချမ်းရေးတို့ ဘာတို့ ရမှာ ကို။ ဆိုတဲ့အတွက်ကြောင့်မို့ ဘာတွေလုပ်သင့်လဲဆိုတော့ ကျွန်တော့တစ်ပိုင်းနဲ့ ကျွန်တော် ပြောရမယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့သည် တစ်နိုင်ငံလုံးမှာလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအရေးကို လုပ်နေတဲ့ စိတ်ပါဝင်စားစွာ ကိုယ်ကျိုးစွန့်ပြီးတော့ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် အလုပ်သဘောရပဲ ဖြစ်ဖြစ် လုပ်နေတဲ့သူတွေ အကုန်လုံးပါဝင်တဲ့ ဘယ်လိုပြောရမလဲ ညီလာခံကြီးပေါ့ဗျာ။ ကြီးကြီးမား မားပြောရရင် ညီလာခံကြီး ခေါ်ပေးလိုက်မယ်။ အဲ့ဒါကို တစ်ပတ်အတွင်းမှာလုပ်မယ်။ ဘာတွေတည် ဆောက်ကြမယ်။ အဲ့လို ပေါင်းလုပ်လိုက်ပြီးမှ ရည်ရွယ်ချက်တွေ ချက်လိုက်ရင် သုံးချက်လောက်ပဲ လုပ်ရတော့မယ်။ သုံးခုခွဲလိုက်ပြီး ဝိုင်းတွန်းမယ်ကွားဆိုပြီး ဝမ်း တူး သရီး ဆိုတဲ့ အဲ့အချက်ကို ကျွန်တော်တို့ ဒါကတော့ လူပိန်းနည်း တွေးလိုက်တာပေါ့။ အဲ့လိုမျိုး တွေးလိုက်ရင် ကျွန်တော်တို့ ရမယ်လို့ ကျွန်တော်ထင်ပါတယ်။

မဇ္ဈိမ ။  ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပါ တယ်။ ၂၁ ရာစု ပင်လုံညီလာခံဆိုပြီးတော့ ဖော်ဖို့လည်းရှိတယ်။ အဲ့အပေါ် ဘယ်လိုမြင်လဲ။ ဒီညီလာ ခံကရော ဘယ်လောက်ထိ အဖက်တစ် ဖြစ်မယ်လို့ စောဖိုးခွား မြင်လဲခင်ဗျာ။

စောဖိုးခွား ။  ။ အရမ်းကောင်းတယ်ခင်ဗျာ။ အရမ်းကောင်းတယ်ဆိုတာ ကျွန်တော် ကျွန်တော့် ဦးနှောက်လေးနဲ့ တွေးတာပါ။ ကျွန်တေ်ာစိတ်ထဲမှာ ရှိတဲ့အရာတစ်ခုကို ကျွန်တော်ပြောရမယ်ဆိုရင် ခုနကပြောသွားတဲ့ အမေဒေါ်အောင်ဆန်းစုကြည်ပေါ့နော် ကျွန်တော် သူ့ကို လိုက်ကို မမှီတော့တာ။ ကျွန်တော်တို့ ဦးနှောက်နဲ့ ကျွန်တော်တို့ တွေးထားတာနဲ့ တစ်ခြားစီကို သူက အမြဲတမ်း လုပ်လာ တယ်။ သူ မကြေညာပေမယ့် သူလုပ်လိုက်တဲ့အရာက ကျွန်တော်တို့ မှန်းထားတာနဲ့ တစ်ခြားစီကို ဖြစ်နေတယ်။ ဒါပေမယ့် အဲ့တစ်ခြားစီဖြစ်တာကလည်း အရမ်းကိုကောင်းတယ်။ အဲ့ဒါကြောင့် ကျွန်တော်က လိုက်မမှီဘူးလို့ သုံးတာပေါ့။ ခုနကတုန်းက ကျွန်တော်ပြောတယ်။ ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုတာကို ခေါင်းထဲမှာမှီသလောက်ပဲ ဒါတွေလုပ်သင့်တယ်လို့ ပြောတာ။ ဒါပေမယ့် သူ့ဆီမှာ အဲ့ထက်ကောင်းတဲ့အရာ အဲ့ထက် သင့်လျော်တဲ့အရာကတော့ ရှိနေတယ်လို့ ကျွန်တော်ယုံ ကြည်တယ်။ ခုနကပြောတဲ့ သူ ပင်လုံညီလာခံတို့ ခေါ်မယ်တို့ ဘာတို့ညာတို့က ဒီဟာတွေအကုန် လုံးက သူ့ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်။ သူ့ရဲ့ အတွေးအခေါ်တွေဖြစ်တယ် ဆိုတဲ့အတွက်ကြောင့် မို့ ကျွန်တော်ကတော့ ရဲရဲကြီး ပြောရဲပါတယ်။ ဒီဟာက အရမ်းကို ကောင်းပြီးတော့ အရမ်းကိုကောင်း မွန်တဲ့ ကျွန်တော်တို့အတွက် အရမ်းလိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ရလဒ်ကောင်းကို ရလာမယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်။

မဇ္ဈိမ ။  ။ အဲ့တော့ စစ်ဆိုတာကတော့ မကောင်းဘူးလို့ ဒါ လူတိုင်း လက်ခံထားတဲ့အရာ ဖြစ်ပါတယ်။ အဲ့တော့ စောဖိုးခွားတာ လုပ်ပိုင်ခွင့်ရှိတဲ့ တပ်မတော်အရာရှိတစ်ယောက် ဖြစ်မယ်ဆိုရင် ဒါမှမဟုတ်ရင် အခြား လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ပိုင်ခွင့်ရှိတဲ့ အရာရှိတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီ စစ်တွေမဖြစ်ဖို့အတွက် ဘာတွေများ လုပ်နိုင်မလဲ။

စောဖိုးခွား။  ။ အဓိကကတော့ စစ်တပ်မှာ သူ့ရဲ့ ဟိုဟာတွေတော့ ရှိမှာပဲခင်ဗျာ။ စစ်တပ်မှာ စစ်တပ် သူ့အလုပ်လုပ်ဖို့ သူ့ Rules နဲ့ သူလုပ်ဖို့ပေါ့ သဘောက အင်ဂျင်နီယာ ဘာလုပ်ရမယ်ဆိုတာရှိ တယ်။ ဆရာဝန် ဘာလုပ်ရမယ်ဆိုတာရှိတယ်။ သဘောတစ်ခုက ဆရာဝန်ဆို လူအသက်ကယ်ရမယ်။ လူဆိုး လူကောင်းရယ်မဟုတ်ဘူး သူ့ရှေ့မှာ လူတစ်ယောက်သေရတော့မယ်ဆိုရင် ကယ်ရတော့မယ် ဆိုတဲ့ Rules တွေ ရှိတယ်ပေါ့နေယ်။ စစ်တပ်မှာလည်း သူနဲ့သက်ဆိုင်တဲ့ Rules တွေ ရှိပါလိမ့်မယ်။ ဆိုတော့ သူ့သက်ဆိုင်တဲ့ Rules တွေနဲ့ သူက ကျွန်တော်အနေနဲ့ တပ်ကဆိုရင် သူ့ Rules တွေနဲ့ လှုပ်ရှားလို့ရတယ် ဆိုတဲ့အရာနဲ့ပဲ ကျွန်တော် လှုပ်ရှားမှာပါ။ ခုနကပြောတဲ့ သူငြိမ်းချမ်းရေးအတွက် လှုပ်ရှားလာမယ်ဆိုရင် ခုနက ဆရာဝန်သဘောမျိုး သူသွားလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က တစ်သွေး တစ်သံ တစ်မိန့်နဲ့ သွားတဲ့ဟာပါ။ သူ့ရဲ့ ရပ်ဝန်းဒေသနဲ့ သူ့နဲ့ချထားတဲ့ စစ်တပ်ကို လိုက်နာရမှာပဲလေ။ ဆိုတော့ ခုနကပြောသလို ကျွန်တော် စစ်တပ်အရာရှိတစ်ယောက်ဖြစ်ရင် ကျွန်တော် ဘာလုပ်မလဲဆိုရင် ကျွန်တော်က အရင်ဆုံး နာခံပြီးတော့ အထက်က ချထားတဲ့ အမိန့်ကို နာခံရမှာ သေချာပါတယ်။ ကျွန်တော် လုပ်ချင်တိုင်း လုပ်လို့မရဘူးလို့ ကျွန်တော် ထင်ပါတယ်။

မဇ္ဈိမ ။  ။ အဲ့တော့ နောက်တစ်ခုက ကျွန်တော် မေးခွန်းကို နည်းနည်းလေး Back ပြန်သွားရရင် ကိုစောဖိုးခွားအနေနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော လုပ်တယ်။ သီချင်းတွေနဲ့ဆိုတာ မက်ဆေ့တွေပေးတယ်။ အဲ့တော့ ခံယူချက်က ဘာဖြစ်မလဲ။ ကိုယ်ဒီလိုမျိုး လုပ်ရတဲ့ ခံယူချက် ရည်ရွယ်ချက် ။

စောဖိုးခွား ။  ။ ကျွန်တော်က နဂိုတည်းက Reggae က ကျွန်တော် အရမ်း Crazy ဖြစ်တဲ့ Music  ဖြစ်တယ်။ သူက ဘဝအတွက် တည်ဆောက်မှုကို အများကြီးပေးတယ်။ ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေ ကျွန်တော့်ရဲ့ Hope (မျှော်လင့်ချက်)တွေကို ကျွန်တော်က ဒီအားတွေနဲ့ သွားလိုက် တော့ အဲ့မှာ ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ Freedom ဆိုတာကို သွားတွေ့တယ်။ ပြီးတော့မှ ဘာသွားတွေ့လဲဆိုတော့ Peace (ငြိမ်းချမ်းရေး) သွားတွေ့တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်ကမ္ဘာလုံးက လူတွေက မင်းက America၊ မင်းက China၊ မင်းက India၊ မင်းက Burmese ဆိုပြီးတော့ မဟုတ်တော့ဘဲနဲ့ အကုန်လုံးက တစ်စုတည်းစည်းတည်း မင်းနဲ့ငါနဲ့ အတူတူပဲဆိုတဲ့ ဒီသတ္တလောက ကမ္ဘာကြီးထဲမှာ တည်ဆောက်ပေးတဲ့အရာက Peace ပဲလို့ ကျွန်တော်ထင်လာတယ်။ အဲတော့ Freedom နဲ့ Peace ကို အခြေခံထားတဲ့ ဒီ Reggae ရဲ့ မက်ဆေ့ကို ကျွန်တော်သယ် ပြီးတော့ ဒီကမ္ဘာကြီးတစ်ခုလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးဖြစ်အောင် ကျွန်တော်တို့ မြန်မာနိုင်ငံ တစ်ခုတည်း မဟုတ်ဘူး။ ဆိုတော့ ကျွန်တော်က အဲ့ဒါလုပ်ဖို့အတွက်ကို ကမ္ဘာကြီးနဲ့ချီပြီးတော့ ကျွန်တော် သေးသေးနဲ့ လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကိုယ်တတ်နိုင်တဲ့အပိုင်းနဲ့ ကိုယ်တတ်နိုင်တဲ့ နေရာမှာ ကိုယ်ရှိတဲ့နေရာမှာ ဒီဟာတစ်ခုကို ကျွန်တော် ရအောင်လုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက် တယ်။ ကျွန်တော် ကျန်တဲ့အရာတွေကို အကုန်ထုတ်လိုက်တယ်။ ကျွန်တော်မိသားစုတွေလား ကျွန်တော် ဘာတွေလား အကုန်ထုတ်ပစ်လိုက်တယ်။ ဆိုတော့ ကျွန်တော်ချစ်တဲ့ Red Gey Music ရယ် ကျွန်တော်မျှော်လင့်ထားတဲ့ ခုနကပြောတဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ်ရှိနေတဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့အတွက် ကျွန်တော်ရဲ့ သီချင်းတွေနဲ့ ကျွန်တော် တက်စွမ်းသလောက်လေး ကိုပဲ တစ်မြင်တစ်ထွာလေးကိုပဲ ကျွန်တော် မက်ဆေ့ပေးနိုင်တဲ့ အလုပ်တစ်ခုကိုပဲ ကျွန်တော်လုပ် တယ်။ ဆိုတော့ အကို ကျွန်တော်ကို မေးလိုက်တဲ့မေးခွန်းက ဘာလဲဆိုတဲ့အရာက ဒါပါပဲ။ ကျွန်တော် ရဲ့ အသက်ရှင်မှုက ဒါပါပဲ။  

ဆက်လက်ဖော်ပြပါမည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required