ချင်းပြည်နယ်အတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် Mater Plan တစ်ခု ရေးဆွဲသွားမည်

ချင်းပြည်နယ်အတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် Mater Plan တစ်ခု ရေးဆွဲသွားမည်
မွန်ပြည်နယ် ရေးမြို့နယ်ရှိ အလတ်စား ပင်လယ်ရေထွက်လုပ်ငန်းခွင်တစ်ခုအား မေလ ၆ ရက် ၂၀၁၅ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဇွန် ၈ ။       ။ ချင်းပြည်နယ်အတွင်း အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အ တွက် Mater Plan တစ်ခုရေးဆွဲ အကောင်းထည်ဖော်သွားမည်ဟု ချင်းပြည်နယ် စက်မှုကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ညိုက မဇ္ဈိမကို ပြောသည်။

"အရင်းတုန်းကလည်း SME လုပ်ငန်းတွေကိုလုပ်တယ်။ အခုက အရင်ထက်ပိုကောင်းအောင် ဘယ်လို လုပ် မလဲပေါ့။ ချင်းပြည်နယ်က မြေပိုင်ဆိုင်သူနည်းပါးတယ်။ အရင်က မြေယာပိုင်ဆိုင်မှု ဂရမ်တို့ အထောက်ထားတွေနဲ့မှ ငွေချေးတာတို့လုပ်တာ။ အခုက အဲဒီလိုတွေ မရှိလဲ လုပ်ပေးနိုင် အောင် Mater plan တစ်ခုရေး ဆွဲပြီး ဖိုရမ်ကအရင် အဖြေရှာသွားပါမယ်"ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်အတွင်း မြို့နယ် ၉ မြို့နယ်ရှိပြီး လူဦးရေ လေးသိန်းခွဲခန့်နေထိုင်ကာ ၃၀ ရာခိုင် နှုန်းသာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိသည်ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ်တွင်နေထိုင်သူများ ကို SME ဝန်ဆောင်မှု လုပ်အားအခြေပြု နည်းပညာ၊ အသေး စား အလတ်စား လုပ်ငန်းများ နည်းပညာအပြင်ချေးငွေထောက်ပံ့မှုကို ဘဏ်အတိုးနှုန်းဖြင့် ချထားပေး မှုများ ကိုလုပ်ဆောင်ပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ချင်းပြည်နယ် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ( SMEs) ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မဟာဗျု ဟာစီမံချက်ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ( Forum) တစ်ရပ်ကို လာမယ့် ဇွန်လ ၁၅-၁၆ ရက် တို့အတွင် ဟားခါးမြို့မှာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးရုံးနှင့် နေပြည်တော် စက်မှုကြီးကြပ်ရုံးချုပ်တို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး၊ Friedrick Naumann Foundation နှင့် CAD တို့မှ ကုန်ကျစရိတ်များကို ပူးတွဲကျခံပေးသွားမည် ဖြစ်သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အသီးသီးမှ SME လုပ်ငန်းရှင်များ၊ ပညာရှင် များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အထူးဖိတ်ကြားထားသူများ စုစုပေါင်း ၆၀ ဦးခန့် တက် ရောက်ဆွေးနွေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly