ဇွန် ၈၊ အီတလီ။ ။ အီတလီအသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် ချယ်လ်ဆီးသို့ပြောင်းရွှေ့တော့မည့် နည်းပြချုပ်ကွန်တီ၏ နေရာတွင် နည်းပြသစ်အဖြစ် ဂီယန်ပီယာရို ဗန်တူရာကို ခန့်အပ်မည်ဖြစ်သည်။
ကွန်တီသည်ချယ်လ်ဆီးအသင်းနှင့်သတင်းကို ဧပြီတွင်ထုတ်ဖော်ကြေညာခဲ့ပြီး အီတလီနှင့်စာချုပ်သက်တမ်းကုန်မည့် ယူရို ၂၀၁၆ ပြိုင်ပွဲပြီးသည်အထိ အီတလီအသင်းကို ဆက်လက် ကိုင်တွယ်မည်ဖြစ်သည်။
အသက် ၆၈ နှစ်ရှိဗန်တူရာသည် အနီးစပ်ဆုံးအဖြစ် စီရီးအေကလပ်တိုရီနိုအသင်းကို ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက အဆင့် ၁၂ ရအောင် စွမ်းဆောင်ပေးခဲ့သည်။
တိုရီနိုအသင်းကိုငါးနှစ်ကြာကိုင်တွယ်ခဲ့ပြီး ပထမဆုံးကိုင်တွယ်သည့်နှစ်တွင် စီးရီဘီမှ တန်းတက်အောင်စွမ်းဆောင်နိုင်ခဲ့သည်။
ဗန်တူရာသည် နည်းပြဘဝတစ်ခုတည်းသောဆုဖလားအဖြစ် ၁၉၉၆ တွင် လက်ချီအသင်းနှင့်တတိယတန်းဆုဖလားသာရခဲ့ သော်လည်း အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တက်ဗက်ချီယိုက ၎င်းသည် ဘောလုံးမာစတာတစ်ဦးဟု ညွှန်းဆိုခဲ့သည်။
ဗန်တူရာသည် အီတလီအသင်းနှင့် ၂၀၁၆ ရုရှကမ္ဘာ့ပြိုင်ပွဲအပြီးထိ နှစ်နှစ်စာချုပ်ချုပ်ခဲ့ပြီး တိုရီနိုမှနည်းပြအဖွဲ့ဝင်များကို အီတလီ အသင်းထံ ခေါ်ဆောင်လာမည်ဟု ယူဆရသည်။
Ref; BBC