အိန္ဒိယသံရုံး အဆောက်အအုံကို မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ အမှတ်အသားပြုခံရ

အိန္ဒိယသံရုံး အဆောက်အအုံကို မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ အမှတ်အသားပြုခံရ

ရန်ကုန်၊ မေလ ၃၀ ။               ။ ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ အိန္ဒိယသံရုံး အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နှင့် Royal Phillips Corporation တို့ပူးပေါင်းကာ မေ ၃၀ရက်က အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့သည်။

ယင်းအပြာရောင် ကမ္ဗည်းပြားသည် လူအများနှင့်သက်ဆိုင်သောနေရာများ၊ အဆောက်အဦးများနှင့်ဆက်စပ်သည့် သမိုင်းဝင်လူပုဂ္ဂုလ်များနှင့် သမိုင်းဝင် အဖြစ်အပျက်များအကြောင်းကို   ဖော်ပြရန် မြို့၏အမှတ်အသားအဖြစ် တပ်ဆင်သည့် ကမ္ဗည်းပြားဖြစ်သည်။

ယခု အိန္ဒိယသံရုံးအဖြစ် အသုံးပြုနေသော အဆောက်အအုံသည် ၁၉၁၄ ခုနှစ်တွင် ဆောက်ခဲ့ပြီး ယခင်က အိုရီယန်တယ် အသက်အာမခံကုမ္ပဏီ ဖြစ်သည်။

ယင်းအဆောက်အအုံသည် ရန်ကုန်မြို့၏ သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာ အရှိဆုံးဖော်ပြနိုင်မည့် နည်းလမ်းဖြစ်သည့်အပြင် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို အများပြည်သူက တိုက်ရိုက်ထိတွေ့လေ့လာနိုင်ရန် အပြာရောင် ကမ္ပည်းပြားများတပ်ဆင်ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံ ဒေါ်မိုးမိုးလွင်က ပြောသည်။

Royal Philips Corporation နှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပြီး ရန်ကုန်မြို့ရှိ အထင်ကရ နေရာများတွင်ကမ္ဗည်းပြားများ တပ်ဆင်လျက်ရှိသည်။ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲကို ၂၀၁၂ တွင်တည်ထောင်ခဲ့ပြီး  ရန်ကုန်မြို့တွင်း ကမ္ဗည်းပြားပေါင်း ၁၂ခုကို တပ်ဆင်ပြီးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required