မေ ၃၁၊ လန်ဒန်။ ။ ဝက်စ်ဟမ်းအသင်းသည် အေစီမီလန်တိုက်စစ်မှူး ကားလို့စ်ဘက်ကာကို ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းထားသည်။
ထိပ်တန်းအဆင့်ကစားသမားများကို လာမည့်ရာသီအတွက် ဝက်စ်ဟမ်းအသင်း ခေါ်ယူချင်နေရာတွင် ကိုလံဘီယာတိုက်စစ်မှူး လည်း တစ်ဦးအဖြစ်ပါဝင်နေခြင်းခြင်းဖြစ်သည်။
ဘက်ကာက အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခ ပေါင် ၆၀, ၀၀၀ လိုချင်နေပြီး အေစီမီလန်အသင်းက အသက် ၂၉ နှစ်အရွယ် ယင်းတိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ လိုချင်နေသည်။
ဘက်ကာသည်ပြီးခဲ့သည့်ရာသီက အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူပေးထားသည်။ ဝက်စ်ဟမ်းနည်းပြ ဘီလစ်နှင့် အသင်းပိုင်ရှင်များသည် ဈေးကွက်အတွင်း တိုက်စစ်မှူးများရှာဖွေနေပြီး လိုင်ယွန်တိုက်စစ်မှူး လန်ကာဇက်တီကို ခေါ်ယူရန်ကြိုးပမ်းခဲ့သေးသည်။
Ref; Daily Mail