မေလ ၂၀ ရက်နေ့တွင် မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီလီမိတက်သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယစာရင်းဝင်ကုမ္ပဏီအဖြစ် ရှယ်ယာများကို စတင်ရောင်းချခဲ့သည်။
ရှယ်ယာအကြိုရောင်းချခြင်းကို မေလ ၁၉ ရက်နေ့က ရန်ကုန်စတော့အိတ်ချိန်းတွင် ကျပ် ၄၀၀၀၀ ဖြင့်ရောင်းချခဲ့ပြီး ယနေ့ မေလ ၂၀ တွင် အပိတ်ဈေး ၅၀၀၀၀ ကျပ်ဖြစ်ကာ ရှယ်ယာတစ်စုဈေး ကျပ်တစ်သောင်း မြင့်တက်ခဲ့သည်။
FMI ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းတွင် မတ်လ ၂၅ ရက်နေ့က ပထမဦးဆုံးရှယ်ယာများစတင်ရောင်းချခဲ့ပြီး ယင်းကုမ္ပဏီအနေနှင့် ကျပ် ၂၆၀၀၀ ကျပ်ဖြင့် စတင်ကာ ထိုနေ့အတွက် အပိတ်ဈေး ၃၁၀၀၀ ကျပ်ရှိခဲ့ကာ ရှယ်ယာတစ်စုဈေး ကျပ် ၅၀၀၀ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
FMI အနေနှင့် မတ်လ ၂၉ ရက်နေ့တစ်ရက်တည်းတွင်သာ ရှယ်ယာတစ်စုဈေး ကျပ် ၄၁၀၀၀ အထိမြင့်တက်ခဲ့ပြီး မေလအတွင်းတွင် ရှယ်ယာဈေးများ ဆက်တိုက်ကျဆင်းခဲ့ရာ ယနေ့ မေလ ၂၀ ရက်နေ့အတွက် FMI ကုမ္ပဏီ၏ ရှယ်ယာတစ်စု ဈေးမှာ ယမန့်နေ့ က ဈေးဖြစ်သည့် ကျပ် ၂၆၅၀၀ ထက် ကျပ်ငွေ ၄၅၀၀၀ ကျပ်မြင့်တက်ခဲ့ပြီး ရောက်ရှိဈေး ၃၁၀၀၀ ကျပ်ဖြစ်လာခဲ့သည်။