မေ ၁၉၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းခေါင်းဆောင်တယ်ရီသည် အသင်းတွင် တစ်ပတ်လုပ်ခ ပေါင် ၉၀, ၀၀၀ ထိလျှော့ယူပြီး တစ်နှစ်ဆက်ရှိရန် သဘောတူခဲ့သည်။
တယ်ရီသည် တရုတ်စူပါလိဂ်မှ မက်မောလောက်သောကမ်းလှမ်းမှုများကိုငြင်းဆန်ကာ စတမ်းဖို့ဘရစ်ချ်ကလပ်နှင့် တစ်နှစ်စာချုပ်သစ်ချုပ် လိုက်ခြင်းဖြစ်သည်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းအနေဖြင့် တစ်နှစ်စာပေါင် ၅ သန်းခန့်လစာလျော့ကျသွားပြီး တစ်ပတ်ပေါင် ၁၄၀, ၀၀၀ မှ တစ်ပတ် ပေါင် ၅၀, ၀၀၀ သာရရှိမည်ဟု ဒေးလီးမေးလ်က ဖော်ပြသည်။
တယ်ရီကို ပြီးခဲ့သည့်တစ်ပတ်ကတည်းက ပွဲထွက်ကစားခွင့်ပေါ်အခြေခံထားသည့် မက်လုံးများဖြင့် စာချုပ်သစ်ကမ်းလှမ်းထားခြင်းဖြစ်သည်။
ထို့ပြင် နည်းပြသစ်ကွန်တီလက်ထက်တွင် တယ်ရီကို ဦးစားပေးပွဲထွက်ကစားသမားတစ်ဦးအနေဖြင့် တွေ့မြင်ရဖွယ်မရှိဟု ဒေးလီးမေးလ်က ဖော်ပြသည်။
ချယ်လ်ဆီးအသင်းတွင်နှစ်ပေါင်းများစွာကစားခဲ့ပြီး အသင်း၏ပုံရိပ်တစ်ခုကဲ့သို့ဖြစ်နေသော အသက် ၃၅ နှစ်အရွယ် တယ်ရီကို ချယ်လ်ဆီးပရိသတ်များကလည်း အသင်းတွင် ဆက်ရှိနေစေချင်ကြသည်။
Ref; Daily Mail