လက်စတာစီးတီးအသင်း မြို့အတွင်းလှည့်လည်အောင်ပွဲခံ

လက်စတာစီးတီးအသင်း မြို့အတွင်းလှည့်လည်အောင်ပွဲခံ

မေ ၁၇၊ လက်စတာ ။           ။ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းသည် အပြာရောင်အမိုးပွင့်ဘက်စ်ကားကြီးများနှင့် လက်စတာမြို့အတွင်း လှည့်လည်အောင်ပွဲခံခဲ့ကြသည်။

ရာသီအစတွင် ဘွတ်ကီဒိုင်များက ဗိုလ်စွဲနိုင်ခြေ ၅၀၀၀ လေး ၁ လေးသာ လောင်းကြေးဖွင့်ခဲ့သော လက်စတာအသင်းသည် ပွဲစဉ် ၃၈ ပွဲစလုံးပြီးဆုံးချိန်တွင် ဒုတိယနေရာမှ အာဆင်နယ်ကို ၁၀ မှတ်ဖြတ်ကာ ရမှတ်ပေါင်း ၈၁ မှတ်ဖြင့် ချန်ပီယံဆုကြီးကို ရရှိခဲ့ခြင်း ဖြစ်သည်။

လက်စတာမြို့အတွင်း၌ ပရိသတ်ပေါင်း နှစ်သိန်းလေးသောင်းကျော်သည် လမ်းဘေးဝဲယာနှင့် တိုက်တန်းများပေါ်မှ အလံများ၊ ပဝါများ၊ လည်စည်းများ ကိုင်ဆောင်ကာ အောင်ပွဲရလက်စတာအသင်းသားများကို ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ အများစုမှာ လက်စတာအသင်းဂျာစီများနှင့် Champion 2016 ဆိုသည့် စာတမ်းများပါ တီရှပ်များကို ဝတ်ဆင်ကာ ကြိုဆိုအောင်ပွဲခံခဲ့ကြသည်။

ထို့နောက် ဗစ်တိုးရီးယားပန်းခြံတွင် ထပ်မံအောင်ပွဲခံခဲ့ကြပြီး တေးဂီတများဖြင့်လည်း ဖျော်ဖြေခဲ့ကာ ပူနွေးသည့်နေရောက်ခြည်အောက်တွင် အခမ်းအနားကို အဆုံးသတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly