ရုံတင်ပြသ ငွေဇယားတွင် လွှမ်းမိုးထားဆဲဖြစ်နေသည့် “Captain America : Civil War” ရုပ်ရှင်

ရုံတင်ပြသ ငွေဇယားတွင် လွှမ်းမိုးထားဆဲဖြစ်နေသည့် “Captain America : Civil War” ရုပ်ရှင်

လော့စ်အိန်ဂျလိစ်၊ မေ ၁၇ ။             ။ “Captain America :Civil War” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၆ သန်းဖြင့် အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသငွေ အများဆုံးရရှိသည့် ဇာတ်ကားအဖြစ် လွှမ်းမိုးထားဆဲ ဖြစ်သည်။

သည်းထိတ်ရင်ဖို ဇာတ်ကား “Money Monster” ဇာတ်ကားသည် အဖွင့်ပြသစဉ် အမေရိကန် ဒေါ်လာ ၁၅ သန်းရရှိခဲ့ပြီး ကီဗင်ဘာကွန်နှင့် ရက်ဒ်ဟာ မစ်ချဲလ်တို့ ပါဝင်သရုပ်ဆောင်ထားသော “The Darkness” သည်းထိတ်ရင်ဖို ဇာတ်ကားသည် ရုပ်ရှင်ရုံပေါင်း ၁၇၅၄ ရုံတွင် ပြသခဲ့ရာ အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၂ သန်း ရရှိခဲ့သည်။

“Captain America : Civil War” ဇာတ်ကားသည်  ပထမဆယ်ရက်အတွင်း ပြည်တွင်း ရုံတင်ပြသငွေ အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ၉ သန်း ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ “Civil War” ဇာတ်ကားသည် နွေရာသီအတွက် ရုံတင်ပြငွေ အများဆုံးရရှိသည့် ဇာတ်ကားအဖြစ် ဆက်လက်ရှိနေကြောင်း ထိပ်တန်း မီဒီယာသုတေသီတစ်ဦးက ပြောကြားသည်။

“Star Wars; The Force Awakens” ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၁၄၉ သန်း၊ “Jurassic World” ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၁၀၆ ဒသမ ၆ သန်း၊  “Marvel’s The Avengers” ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၁ သန်း ၊ “Avengers: Age of Ultron” ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၇ သန်း၊ “Avatar” ဇာတ်ကားသည် အမေရိကန် ဒေါ်လာ ၇၅  ဒသမ ၆ သန်း ရုံတင်ပြသငွေ အသီးသီး ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly