ကမ္ဘောဇဘဏ်အကောင့်ရှိသူများ ကျပ်ကိုးသိန်းထိ တန်ဖိုးရှိ Samsung Glaxy ဖုန်းများ အတိုးမဲ့ အရစ်ကျဝယ်နိုင်မည်

ကမ္ဘောဇဘဏ်အကောင့်ရှိသူများ ကျပ်ကိုးသိန်းထိ တန်ဖိုးရှိ Samsung Glaxy ဖုန်းများ အတိုးမဲ့ အရစ်ကျဝယ်နိုင်မည်

ရန်ကုန်၊ မေ ၁၆ ။            ။ ကမ္ဘာဇဘဏ်အကောင့်ရှိသူများ ကျပ် ကိုးသိန်းအထိ တန်ဖိုးရှိသည့် Samsung Glaxy ဖုန်းများကို မေလ ၁၆ရက်က စတင်ပြီး အတိုးမဲ့ ၆ လအရစ်ကျဖြင့် ဝယ်ယူနိုင်မည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါအရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်မည့် စမတ်ဖုန်း နှင့် တက်ဘလက်အမျိုးးအစား ၇ မမျိုးမှာ Samsung Galaxy S7 edge၊ Samsung Galaxy S7၊ Samsung Galaxy Note5၊ Samsung Galaxy A5 (2016) နှင့် Samsung Galaxy A7 (2016)၊ ၈လက်မအရွယ်အစားရှိ Samsung Galaxy Tab S2 နှင့် ၉.၇ လက်မ အရွယ်အစားရှိ Samsung Galaxy Tab S2 တို့ပါဝင်ကြောင်းသိရသည်။

“ကျွန်တော်တို့ဘက်ကတော့ အရစ်ကျဝယ်ယူမှုအပေါ်မှာ ဝယ်ယူသူဆီကနေ အတိုးမယူပါဘူး။” ဟု Samsung Myanmar ၏ Head of IT and Mobile, ကိုဇာနည်ဝင်းထက်က ပြောသည်။

အရစ်ကျစနစ်ဖြင့် မှာယူသုံးစွဲလိုသူများအနေဖြင့် ကမ္ဘောဇဘဏ်တည်ရှိရာမြို့များတွင် Current Account၊ ငွေစုစာရင်း နှင့် Call Account အစရှိသဖြင့် စာရင်းဖွင့်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး မည်သည့်စာရင်းပိုင်ရှင်မဆို စာရင်းတစ်ခုလျှင် ဖုန်း သို့မဟုတ် တက်ဘလက် နှစ်လုံးအထိ အများဆုံး ဝယ်ယူနိုင်မည် ဖြစ်သည်။

သို့သော် ကျပ် ကိုးသိန်းတန်ဖုန်း ဝယ်ယူမည့်သူသည် ဘဏ်အကောင့်တွင် ကျပ် ကိုးသိန်းရှိရမည်ဖြစ်ပြီး ဖုန်းဝယ်ယူထားသည့် ၆လအတွင်း ထုတ်ယူသုံးစွဲနိုင်မည်မဟုတ်ပေ။

“လုပ်ပေးတဲ့အစီအစဉ်တော့ ကောင်းပါတယ်။ ဒါပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေက တင်းကျပ်တယ်။ နည်းနည်းလျော့ပေးပြီး ဒီထက်ပိုကောင်းမွန် အဆင်ပြေတဲ့နည်းလမ်းနဲ့ လုပ်ပေးနိုင်မယ်ဆို အဆင်ပြေနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ယှဉ်ပြီး စီစဉ်ပေးမယ်ဆို ပိုအဆင်ပြေပါလိမ့်မယ်။ အခုက ကိုယ်ဝယ်လိုတဲ့ ဖုန်းပမာဏအတိုင်း ဘဏ်အကောင့်ထဲထည့်ရမယ်ဆိုတော့ သိပ်အဆင်မပြေနိုင်ပါဘူး” ဟု ဖုန်းအရစ်ကျဝယ်ယူဖူးသူ ကျောင်းသားတစ်ဦးက မဇ္ဈိမကို ပြောသည်။   

ဖုန်းများ၊ လျှပ်စစ်ပစ္စည်းများကို ဧရွန်အပါအဝင် ကုမ္ပဏီအချို့က အရောင်းဆိုင်များနှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး အတိုးနှုန်း ၁.၅ကျပ် ပေးရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly