ဒေါ်နယ်ထရန့်အတွက် အိန္ဒိယတွင် ဟိန္ဒူလူမျိုးအုပ်စုက ကောင်းချီးဆုတောင်းပေး

ဒေါ်နယ်ထရန့်အတွက် အိန္ဒိယတွင် ဟိန္ဒူလူမျိုးအုပ်စုက ကောင်းချီးဆုတောင်းပေး

နယူးဒေလီ၊ မေ ၁၂ ။         ။ အမေရိကန်ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်အတွက် အိန္ဒိယနိုင်ငံက လက်ယာယိမ်းဟိန္ဒိူအုပ်စုအပါအဝင် မထင်ရသည့် ၎င်းအား ကြိုက်နှစ်သက်သူများအစု အဖွဲ့များက ရှိထားသည်။

ဟိန္ဒိူဆီနာအသိုင်းအဝိုင်းမှ ထရန့်အား အမေရိကန်သမ္မတဖြစ်လာရေးအတွက် ဆုတောင်းကောင်းချီးပေးပွဲကျင်းပခဲ့သည်။

အစ္စလာမ်အစွန်းရောက်မှုများကို ဆန့်ကျင်သည့် လူ့သာချင်းစာနာမှုကျင့်ဝတ်အတွက် မျှော်လင့်လျက် ဟိန္ဒိူဆီနာအုပ်စုက ထရန့်အား ထောက်ခံလျက်ရှိနေခြင်းဖြစ်သည်။

ထရန့်အနေဖြင့် ဝေဖန်သံများ ညံသွားခဲ့အောင် အမေရိကန်နိုင်ငံအတွင်း မွတ်စလင်များ ဝင်ရောက်ခွင့်ကို တားမြစ်ရမည်ဟုလည်း ပြောဆိုထားသူဖြစ်သည်။

အစွန်းရောက်မိသားစုများကို သတ်ရန်နှင့် အိုင်အက်စ်ကို အမြစ်ပြတ်ချေမှုန်းရေးနှင့် ရေနံတွင်းများ အပိုင်းစီးရေးအတွက် ဆီးရီးယားကို ကျုးကျော်ရန်လည်း ပြောဆိုထားသူဖြစ်သည်။

ဆီနာအသိုင်းအဝန်းက ဒေလီရှိ ပန်းခြံတွင် မေ ၁၁ ရက်၌ ရိုးရာမီးကူးပွဲနှင့် ဆုတောင်းမှုများပြုလုပ်ပြီး ဒေါ်နယ်ထရန့်အား ထောက်ခံလျက်ရှိကြောင်း စာတမ်းများကိုလည်း ချိတ်ဆွဲပြသခဲ့ခြင်းဖြစ်သည်။

"ဒေါ်နယ်ထရန့်ကသာ လူသားချင်းစာနာမှုကျင့်ဝတ်ကို ထိန်းသိမ်းလုံခြုံစေမှာဖြစ်ပါတယ်။"ဟု ဆီနာအုပ်စုကို တည်ထောင်သူ ဝိရှနုဂူပတာက အေပီသတင်းဌာနသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required