နည်းပြရေနီရာရီကို လက်စတာအသင်းစာချုပ်သက်တမ်းတိုးမည်

နည်းပြရေနီရာရီကို လက်စတာအသင်းစာချုပ်သက်တမ်းတိုးမည်

မေ ၁၁၊ လက်စတာ။              ။ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းသည် နည်းပြရေနီရာနီကို ကာလရှည်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းသွားမည်ဖြစ်သည်။

အသင်းဒုက္ကဋ္ဌ ဆရီဗက်ဒနာပရတ်ဟာသည် ၂၀၁၈ တွင်စာချုပ်သက်တမ်းကုန်မည့် အသက် ၆၄ နှစ်အရွယ်အီတလီနည်းပြကြီးကို လာမည့် နွေရာသီတွင် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးသွားမည်ဖြစ်သည်။

"ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ တစ်ပွဲပဲကျန်တော့တဲ့အချိန်မှာတော့ မပြောသင့်သေးပါဘူး"ဟု ဆရီဗက်ဒနာပရတ်ဟာက ပြောသည်။

ရာသီအစတွင် ဗိုလ်စွဲရန် ၅၀၀၀ လေး ၁ လေးသာသတ်မှတ်ခံရသော်လည်း ပြိုင်ပွဲပြီးရန် နှစ်ပွဲအလိုမှာပင် ဗိုလ်စွဲခဲ့သည်။ လက်ရှိနည်းပြ ရေနီရာရီသည် ရာထူးမှထုတ်ပယ်ခံရသည့် နီဂျယ်ပီယာဆင်၏နေရာတွင် ၂၀၁၅ ဇူလိုင်တွင် သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကတန်းဆင်းရလုနီးပါးဖြစ်ခဲ့သော်လည်း လက်စတာအသင်းသည် ယခုနှစ်တွင် လိဂ်ပွဲသုံးပွဲသာရှုံးပြီး ရာသီကုန်ရန် တစ်ပွဲအလို တွင် ဒုတိယနေရာမှ စပါးကို ၁၀ မှတ်ဖြတ်နိုင်ခဲ့သည်။

အီတလီအသင်းကမ္ဘာ့ဖလားရယူနိုင်ရန် အနာဂါတွင် ရေနီရာရီကို နည်းပြအဖြစ်ခန့်အပ်လိုသည်ဟု အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တက်ဗက်ချီယိုကလည်း တနင်္လာနေ့က ပြောဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly