Eurovision တေးသီချင်းပြိုင်ပွဲတွင် ဖျော်ဖြေသွားမည့် ဂျက်စတင် တင်းဘားလိတ်ခ်

Eurovision တေးသီချင်းပြိုင်ပွဲတွင် ဖျော်ဖြေသွားမည့် ဂျက်စတင် တင်းဘားလိတ်ခ်

ကမ္ဘာကျော်အဆိုတော် ဂျက်စတင် တင်းဘားလိတ်ခ်သည် မေ ၁၄ ရက်တွင် ကျင်းပပြုလုပ် မည့် Eurovision တေးသီချင်း ဖိုင်နယ်ပြိုင်ပွဲတွင် ၎င်း၏ တေးသီချင်းသစ် “Can’t  Stop the Feeling” ကို သီဆိုဖျော်ဖြေသွားမည် ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂရမ်မီဆု ကိုးဆုရှင် ဂျက်စတင် တင်းဘားလိတ်ခ်သည် မကြာမီ ထွက်ရှိမည့် အန်နီမေးရှင်း ရုပ်ရှင် “Trolls” မှ ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းအဖြစ် လွန်ခဲ့ သည့် ရက်အနည်းငယ်က ကြေညာခဲ့သည့် “Can’t Stop the Feeling” တေးသီချင်းကို ၎င်း၏ တီးဝိုင်းအဖွဲ့ဖြင့် သီဆိုဖျော်ဖြေသွားမည် ဖြစ်သည်။

“ဒါဟာ ကြီးကျယ်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဂျက်စတင်တင်းဘားလိတ်ခ်က သူ့ရဲ့ တေးဂီတ အဖွဲ့နဲ့အတူ တေးသီချင်းသစ်ကို လာရောက်ဖျော်ဖြေမယ်ဆိုတဲ့အတွက် ကျွန်တေ်ာတို့ အရမ်းကို စိတ်လှုပ်ရှားမိပြီး ပျော်ရွှင်ရပါတယ်” ဟု အစီစဉ်ထုတ်လုပ်သူ Sven Stojanovic က အစီရင်ခံစာတွင် ပြောကြားထားသည်။

“ဒီတေးသီချင်းဟာ အရမ်းကို ထူးခြားတဲ့ တေးသီချင်းလေး ဖြစ်မှာပါ။ ဒီတေးသီချင်းကို ဆွီဒင် တေးရေးဆရာတွေဖြစ်တဲ့ မက်မာတင်၊ ရှဲလ်ဘက်ခ်နဲ့အတူ ဂျက်စတင် တင်းဘားလိတ်ခ်တို့က ပူးတွဲ ရေးသား ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းက အစီရင်ခံစာတွင်  ပြောကြားထားသည်။

Eurovision တေးသီချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲကို မေ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly