အိန္ဒိယ ရိုးရာ ရုပ်သေးပြပွဲ ကျင်းပမည်

အိန္ဒိယ ရိုးရာ ရုပ်သေးပြပွဲ ကျင်းပမည်

မေ ၁၀ ။                ။ ရန်ကုန်မြို့ အိန္ဒိယသံရုံးမှ ရုပ်သေးနှင့် မျက်နှာဖုံး တပ်ဖျော်ဖြေပွဲကို မေ ၁၅ ရက်၊ ည ၇ နာရီ တွင် ပြုလုပ်မည်ဟု သိရသည်။ ရန်ကုန်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်မည့် အဆိုပါဖျော်ဖြေပွဲကို အမခဲ့ လာရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

ယင်းပွဲကို မြန်မာအစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာတို့နှင့် ပူးပေါင်းကျင်းပခြင်းဖြစ် ပြီး "Images of Truth" ဟု ခေါင်းစဉ်ဖြင့် နယူးဒေလီရှိ The Ishara Puppet Theatre Trust မှ Dadi D. Pudumjeeက စီစဉ်ပြသမည် ဖြစ်သည်။

အိန္ဒိယသည် လက်အိတ်၊ ကြိုးနှင့် ရုပ်သေးရုပ်အရိပ်ကို အသုံးပြု၍ ရုပ်သေးရုပ် ပြလာသည်မှာ နှစ်နှစ်ဆယ်နီးပါး ရှိပြီဖြစ်သည်။

အိန္ဒိယရုပ်သေးရုပ်သည် ၎င်း၏ ပြည်နယ်ဒေသ ရိုးရာပြရုံကိုလိုက်၍ ဆက်သွယ်မှုရှိနေသည်။ ရိုးရာရုပ်အနေနှင့် Ramayana, Mahabharata နှင့် Puranas ကဲ့သို့သော ရိုးရာဒဏ္ဏာရီ ပုံပြင်မှ နတ်ဘုရား၊ သူရဲကောင်းတို့၏ အကြောင်းကို ရုပ်သေးရုပ်ဖြင့် ကသည်။ ယင်းသည် ပွဲတော်များ၊ ရိုးရာ အခမ်းအနားများအပြင် မိုးနတ်မင်းထံ မိုးခေါ်ခြင်းစသော ပွဲလမ်းသဘင်တို့တွင်လည်း တစိတ်တဒေသ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly