အဆိုတောဒီဖြိုး ၊ ဘေးဘီ ၊ ဇွဲပြည့် တို့၏ အချစ်များယူ….(You) တေးအယ်ဘမ် ထွက်ရှိမည်

အဆိုတောဒီဖြိုး ၊ ဘေးဘီ ၊ ဇွဲပြည့် တို့၏ အချစ်များယူ….(You) တေးအယ်ဘမ် ထွက်ရှိမည်
ဓာတ်ပုံ- ပန်းမြတ်ဇော်

အဆိုတော် ဒီဖြိုး ၊ ဘေးဘီ နှင့် ဇွဲပြည့် တို့ သုံးဦး ပါဝင် သီဆို ထားကြသည့် အချစ်များယူ(You) တေးအယ် ဘမ် ကို မေ ၁၅ရက်တွင် The Sun Music Production မှ မြန်မာ တစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

အဆိုတော် ဒီဖြိုး ၊ ဘေးဘီ နှင့် ဇွဲပြည့် တို့ သုံးဦး၏ အချစ်များယူ….(You) တေးအယ် ဘမ် ထွက်ရှိမည့် အကြောင်း စာနယ်ဇင်း များနှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို မေ၉ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

တေးသီချင်း ၁၄ပုဒ် ပါဝင်ပြီး တေးရေးများ အဖြစ် Thomas ၊ ဆောင်းဦးလှိုင် ၊ နောနော် ၊ ကမ္ဘာ ၊ မီးမီးခဲ ၊ Relgi ၊ Leo Bo Bo ၊ Gandee ၊ ရဲဝင့်ထူး ၊ စိုးသော် ၊ Mထူး ၊ Zune Lay စသည့် တေးရေး ဆရာ များမှ ပါဝင် ရေးသား ပေးထားကြသည်။

အဆိုတော် ဇွဲပြည့် က " ဒီအခွေလေးကို စီစဉ် ဖြစ်တာတော့ သိပ်မကြာသေးပါဘူး။ ကျွန်တော်တို့တွေက ပွဲ တွေမှာလဲ အမြဲဆုံဖြစ်တယ်။ သူငယ်ချင်း ၃ယောက် အတွဲလေး စုလုပ်ရအောင် ဆိုပြီး လုပ်ဖြစ်တာပါ။ အရင် နာမည်ကြီး သီချင်း ဟောင်းလေးတွေလည်း ပါပါတယ်။ ဒီအခွေလေးကို ပရိသတ်တွေ အားပေးကြမယ်လို့ ယုံပါတယ်" ဟု ပြောသည်။

တေးအယ်ဘမ်တွင် Pop တေးသီချင်း အမျိုးအစား အများဆုံး ပါဝင်ပြီး သုံးယောက် အတွဲ သီချင်း ၊ တစ်ယောက်စီ သီဆို ထား သည့် တေးသီချင်းများ အပြင် နှစ်ယောက်တွဲ သီဆို ထားကြသည့် တေးသီချင်း များလည်း ပါဝင်မည် ဖြစ် သည်။

အချစ်များယူ(You) တေးအယ်ဘမ် MTV ကို လည်း Audio CD ထွက်ရှိပြီးပါက စတင် ရိုက်ကူး သွားမည် ဖြစ်ပြီး ၂၀၁၆ နှစ်ကုန်ထဲတွင် ဖြန့်ချိရန် စီစဉ် ထားသည်။ အဆိုတော် ၃ဦး ဖြစ်သည့် အတွက် MTV ကို အကောင်း ဆုံး ရိုက်ကူး သွားမည် ဖြစ်ကြောင်း အဆိုတော် ဇွဲပြည့် က ဆိုသည်။

The Sun Music Production မှ မေလ ၁၅ရက်တွင် Audio CD အဖြစ် ဖြန့်ချိမည် ဖြစ်ပြီး အခွေ ပရိုမိုးရှင်း ပွဲကို မေလ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ Happy World တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နယ်များတွင်လည်း ပြုလုပ် သွားမည် ဖြစ်ကာ နယ် ပရိုမိုးရှင်းများ ပြီးစီးသွားပါက ရန်ကုန်တွင် ထပ်မံ ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly