ရှမ်းပြည်နယ်မြောက်ပိုင်းက စတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ နဲ့အတူ အရှိန်မြင့်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့မှာရှိတဲ့ သူတို့ရဲ့ တပ်စခန်းတွေ မြို့တွေကို လက်လွတ်ဆုံးရှုံးခံနေရပါတယ်။
အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသက ခရိုင်မြို့တခုဖြစ်တဲ့ ကောလင်းမြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီ ဖြစ်ပါတယ် ။
အလားတူ ထီးချိုင့်မြို့ကိုလည်း မြို့သိမ်းစစ်ဆင်ရေးအဖြစ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆင်နွှဲနေပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ အခုထက် ပိုမိုမြန်ဆန်ပြီး အထိအခိုက်နည်းနည်းနဲ့ ပြီးမြောက်အောင်မြင်ဖို့ အတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲနေတဲ့ ABSDF အဖွဲ့ စစ်ကြောင်း(၃)က ရဲဘော်ပြည့်ဖြိုးကျော်က အခုလိုပြောပြထားပါတယ်။
တင်ဆက်၊တည်းဖြတ် -- MTO