အမျိုးသမီး အားကစားလောကမှ ဝင်ငွေမှာ ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်သွားမည်ဟု ခန့်မှန်း

By AFP
30 November 2023
အမျိုးသမီး အားကစားလောကမှ ဝင်ငွေမှာ ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်သွားမည်ဟု ခန့်မှန်း

အမျိုးသမီးအားကစားလောကမှ ကမ္ဘာတဝှမ်း ဝင်ငွေဟာ လူကြိုက်များမှု ပေါက်ကွဲအားကြောင့် ၂၀၂၄ မှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်သွားမှာဖြစ်ကြောင်း ဘဏ္ဍာရေးကျွမ်းကျင်အုပ်စု Deloitte အရ သိရပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ အလွန်အောင်မြင်တဲ့ ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အသစ်ထွက်ရှိလာတဲ့ ဘောလုံး ဝင်ငွေဟာ ၂၀၂၄ မှာ စုစုပေါင်း ခန့်မှန်းဝင်ငွေ ဒေါ်လာ ၁.၂၈ ဘီလီယံရှိသည့်အနက်မှ ပေါင် ၅၅၅ သန်းအထိ ရောက်ရှိဖို့ မျှော်မှန်းထားပါတယ်။

ဥရောပမှာ အမျိုးသမီးဘောလုံးလောက တိုးတက်နေပေမယ့် မြောက်အမေရိကမှာ အမျိုးသမီးအားကစားအတွက် စုစုပေါင်းဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ရရှိနေဆဲဖြစ်ပါတယ်။

Deloitte က အသင်းအများအပြားရဲ့ တန်ဖိုးတွေဟာ လာမယ့်နှစ်မှာ ဒေါ်လာ သန်း ၁၀၀ ကျော်လွန်မယ်လို့  ခန့်မှန်းမှုနဲ့အတူ အသင်းတွေနဲ့ လိဂ်တွေရဲ့ တန်ဖိုးတွေ ဆက်လက်မြင့်တက်နေမယ်လို့ မျှော်လင့်ထားပြီး

"ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာတဝှမ်းက အမျိုးသမီးအားကစားလောကမှာ ထူးခြားတဲ့ တိုးတက်မှုကို ကျုပ်တို့တွေ့မြင်ခဲ့ရပြီး ရင်းနှီးမြုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို ကြီးထားစေတာကြောင့် ၎င်းရဲ့ ကုန်သွယ်မှုတန်ဖိုးကို သိသိသာသာမြှင့်တင်ပေးပါတယ်"လို့ Deloitte's အားကစား စီးပွားရေးအုပ်စုရဲ့ ခွဲခြမ်းစိတ်ဖြာရေးရာ ဦးဆောင်သူ ဂျနီဖာ ဟတ်စကယ်က ပြောပါတယ်။

“အရေးကြီးတာက အမျိုးသမီးအားကစားကို အမျိုးသားတွေရဲ့ ထိပ်တန်းအားကစားနဲ့ နှိုင်းယှဉ်ပါက အရင်ကထက် ပိုပြီး အသိမှတ်ပြုလာတဲ့အတွက် ဒါကို တမူထူးခြားတဲ့ ထုတ်ကုန်တစ်ခုအဖြစ် ရှုမြင်လာနေပါတယ်။

"ပရိသတ်နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထိတွေ့ဆက်ဆံမှု မြင့်တက်လာခြင်းက ပိုမိုကြီးမားတဲ့ စီးပွားဖြစ်မိတ်ဖက်တွေ၊ ပူးပေါင်းပါဝင်မှု တိုးမြင့်လာခြင်းနဲ့ ပွဲစဉ်ကြီးတွေအပါအဝင် ကလပ်တွေနဲ့ လိဂ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းသစ်တွေဆီကို ဦးတည်စေပါတယ်။"

အမျိုးသမီးအားကစာလောကရဲ့ ရေပန်းစားမှု များပြားလာခြင်းဟာ streaming platform တွေပေါ်မှာ prime-time ထုတ်လွှင့်မှုပိုင်း ပိုမို ခွဲဝေမှုနဲ့ မြင်တွေ့နိုင်မှုကို ဦးတည်လာစေဖို့ မျှော်လင့်ရပါတယ်။

ပစ္စည်းရောင်းချမှု၊ စပွန်ဆာ စာချုပ်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေမှ Commercial ဝင်ငွေဟာ စုစုပေါင်းဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ ရှိနေဆဲဖြစ်ပေမယ့် ပိုမိုကြီးမားတဲ့ ရုပ်သံထုတ်လွှင့်မှု စာချုပ်တွေနဲ့ ပွဲစဉ်ဝင်ငွေတွေနဲ့ နှိုင်းယှဉ်ပါက အဆိုပါရာခိုင်နှုန်းဝေစုမှာ အနည်းစုဘက်ကို ရောက်လာပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly