၁၀၂၇ စစ်ဆင်ရေးအဖြစ် တရုတ်-မြန်မာ နယ်စပ်မြို့တမြို့ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့တွင်းကို TNLA (တအာင်း) က နိုဝင်ဘာ ၃ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၇ ရက်နေ့တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
ငါးရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ မြို့အဝင်ဂိတ်၊ မြို့မရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနှင့် စစ်ကောင်စီတပ် တပ်စွဲခုခံခဲ့သည့် မြို့လယ်ဘုန်းကြီးကျောင်းဝန်းများကို TNLAက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရသည်။
နမ့်ခမ်းမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရန်အတွက်တော့ မြို့ပြင်က စစ်ကောင်စီ (စခန်းသစ်)တပ်စခန်း တခုကိုသိမ်းရန်ကျန်ရှိနေသေးသည်။ လောလောဆယ်တွင် TNLAက ထိုးစစ်ဆင်မှုကို ရပ်နားထားသည်။
မြို့ပတ်လည်နှင့် မြို့တွင်းမှာ TNLA တပ်များက ထိန်းချုပ်ထားသည်ကိုတွေ့ရပြီး မြို့ကို ပုံမှန်လည်ပတ်ခွင့် ပြုထားသည်။