ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ "၁၁၁၁" အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာ ကျင်းပပြုလုပ်ကြပါတယ်။
"၁၁၁၁" လူထုလှုပ်ရှားမှု ကို စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးမြို့နယ်အပြင် ၊ မုံရွာ၊ခင်ဦး၊ကနီ၊ ရွှေဘို ၊ယင်းမာပင်မြို့နယ်တွေမှာ လည်း ပြည်သူတွေက ဆင်နွှဲခဲ့ကြပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်စစ်ဆင်နွှဲနေတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို တွန်းအားပေးတဲ့ အနေနဲ့ လူထုလူပ်ရှားမှု ပါဝင်ခြင်းဖြစ်တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်သူက ပြောပါတယ်။
၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆိုဖို့ ဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ "၁၁၁၁" လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN