ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ရပ်ကွက်(၁)တွင် လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှုကြောင့် သုံးနှစ်အရွယ်ကလေးငယ်တဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီကျော်က ကော့ကရိတ်မြို့ ရပ်ကွက်(၁)၊ ရှမ်းစုရပ်၊ ရွှေကြက်မင်း ဘုရားလမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အသံကတော်တော်ကျယ်တယ်။ ရွှေကြက်မင်း ဘုရားလမ်းထဲကို ကျတာ။ ဒဏ်ရာရတာ ငါးယောက်၊ နှစ် ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်၊ အသားစတွေ ပဲ့ထွက်သွားတာ” ဟု ကော့ကရိတ်မြို့ခံတဦး က မဇ္ဈိမကိုပြောသည်။
ထိခိုက်ဒဏ်ရာရသူများမှာ ရပ်ကွက်(၁)၊ ရှမ်းစုရပ်၊ ရွှေကြက်မင်းလမ်းမှ အသက်သုံးနှစ်အရွယ် မသိမ့်သိမ့် သူ၊ အသက် ၂၅ နှစ်အရွယ် မခင်သန်းနှင့် မသန္တာစိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်နှင်းမြိုင်၊ အသက် ၅၈ နှစ် အရွယ်ရှိ ဒေါ်ညွန့်စိန်တို့ ဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရသူများအနက် မသိမ့်သိမ့်သူ၊ မသန္တာစိုး၊ မခင်သန်းတို့သည် မြဝတီပြည်သူ့ဆေးရုံတွင် ဆေးကု သမှု ခံယူနေပြီး ဒေါ်နှင်းမြိုင်နှင့် ဒေါ်ညွန့်စိန်တို့သည် ဘားအံဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
“လူနာတွေက မနေ့ကမှသွားတာဆိုတော့ ဆေးရုံကမဆင်းရသေးပါဘူး။ လူနာထဲမှာ တချို့က ဒဏ်ရာ နည်းနည်း ပြင်းထန်တယ်၊ တချို့ကတော့ ပုံမှန်လောက်ပဲ”ဟု ဒေသတွင်းလူမှုကူညီရေး အသင်းဝင်တဦး က မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ(၉၇)နှင့် ကော့နွဲ့ကျေးရွာ မူလတန်းလွန်ကျောင်းအတွင်း အထိုင်ချ နေသည့် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုဖြစ်သည်ဟု ဒေသခံများကပြောသော် လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကလည်း ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချရာနေရာများအား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက သွား ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ