မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားနဲ့ ၁၂ ကြိမ်မြောက် ညီလာခံဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းမှာ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် အပါအဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ညီနောင်အဖွဲ့ အစည်းတွေ၊ နွေဦးတော်လှန်ရေးကာလ မျိုးဆက်သစ်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်း အကြောင်းအရာ အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ဝိုင်းတော်သား မောင်ခက်နွေက တင်ဆက်ထားပါတယ်။
တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ
စာတည်း - သန့်ဇော်(သန်လျင်)