တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် ရပ်ပါက နျူကလီးယားစမ်းသပ်မှု ရပ်တန့်မည်ဟု မြောက်ကိုရီးယားပြော

တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် ရပ်ပါက နျူကလီးယားစမ်းသပ်မှု ရပ်တန့်မည်ဟု မြောက်ကိုရီးယားပြော

ပြုံယမ်း၊ ဧပြီ ၂၄ ။              ။ အမေရိကန်နိုင်ငံက တောင်ကိုရီးယားနှင့်ပူးတွဲကာ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုအား ရပ်တန့်ပါက နျူကလီးယားစမ်းသပ်မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း   မြောက်ကိုရီးယားက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆူယွန်က အေပီသတင်းဌာနနှင့် အင်တာဗျူးဖြေရာတွင် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တွန့်ဆုတ်သွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။

စစ်ရေးပူးတွဲလေ့ကျင့်မှုက တောင်ကိုရီးယားနိုင်ငံနှင့် သဘောတူညီထားခြင်းအရ လုပ်ဆောင်ချက်တစ်ရပ်သာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ခုခံပြောဆိုသည်။

ယင်းတစ်ချိန်တည်းတွင် ရေငုပ်သင်္ဘောမှ ဖျက်အားပြင်းဒုံးကျည်ပစ်လွှတ်မှုကို ကြီးကြီးမားမားအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောသည်။

"မြောက်ကိုရီးုယားနိုင်ငံအတွက် ရေအောက်တိုက်ခိုက်စစ်ဆင်ရေးများ ဆောင်ရွက်နိုင်သည့် နည်းပညာကုန်ကို စွမ်းဆောင်ထားပြီးကြောင်း၊ ရေအောက်မှ ပစ်ခတ်နိုင်မှုကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း"မြောက်ကိုရီးယားသတင်းဌာန KCNA က ကြေညာသည်။

ထိုရေအောက်ပစ်လွှတ်နိုင်မှုကို အောင်မြင်ထားခြင်းက ပြင်းထန်သည့်နျူကလီးယားတိုက်ခိုက်မှုအတွက် ပိုမိုအားဖြည့်ပေးလိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနတွင် ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ၏ ၂၀၀၆ ဒဏ်ခတ်ပိတ်ဆို့မှုများအရ နျူကလီးယားစမ်းသပ်မှုနှင့် ဖျက်အားပြင်းဒုံးကျည်နည်းပညာစမ်းသပ်မှုများကို တားမြစ်ပိတ်ပင်ခြင်းခံထားရသည့် နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required