စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့၊သဲကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ခြောက်ဦးကို ရိုက်နှက်သတ်ဖြတ်သွားတဲ့အပြင် ဒေသခံတွေရဲ့ ကျပ်သိန်း ၁,၀၀၀ကျော် တန်ဖိုးရှိတဲ့ ရွှေတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။
အရပ်သားတွေကို ရက်ရက်စက်စက်စက် ရိုက်နှက်သတ်ဖြတ်သွားတာလို့ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။
ဒီသတင်းအကြောင်းအရာအပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ဝိုင်းတော်သား ခက်နွေက တင်ဆက်ပေးထားပါတယ်။
တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ