ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ်စခန်းတွေကို စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူနေ တာ အခုဆို ကျောက်မိုင်းဒေသ၊ လက်ခတ်တောင်ဒေသတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်တွေ အခြေနေမလှတဲ့အတွက် သူ့တို့ရဲ့ခြေကုတ်စခန်းတွေ မကျဆုံး ဖို့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေရပါတယ်။ ဖျက်အားပြင်း ကလပ်စတာဗုံး တွေ၊ ပေါင် ၅၀၀၊ ပေါင် ၁,၀၀၀ ဗုံးတွေ အသုံးပြုနေတဲ့အတွက် အရပ်သားထိခိုက် သေဆုံးတာတွေ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ အများအပြား ပျက်စီးနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုအဖြစ် ဘယ်လို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါသလဲ။ လေကြောင်းတိုက်ခိုက်မှုက မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေကို အမှန်တကယ် ခြိမ်းခြောက်နိုင်သလား။ ဒီအခြေနေနဲ့ ပတ်သက်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်း ထိန်းချုပ် ထားတဲ့ ရှေ့တန်းနယ်မြေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။
ရိုက်ကူး၊ တည်းဖြတ်၊ တင်ဆက် - ဟန်ထူးဇော်