မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့် ထွေအုပ်ရုံးကို ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger-MBT အဖွဲ့မှ သိရ သည်။
အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောက်ကျားနည်းဗျူဟာအသုံးပြု၍ စစ်ကောင်စီတပ်ဖွဲ့နှင့် အနီးဆုံးနေရာအထိကပ်၍ တိုက်ခိုက်ခဲ့ကြောင်း MBT အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကပြောသည်။
“ပြောက်ကျားနည်းနဲ့တိုက်ခိုက်ခဲ့တာပါ။ ထွေအုပ်ရုံး ခြေရင်းတည့်တည့်ကနေပြီးတော့ မီတာ ၃၀ လောက် အထိကပ်ပြီး ကင်းစောင့်နေတဲ့ သုံးယောက်ကြားထဲကို ၄၀ မမ တလုံးပစ်ထည့်တယ်၊ ပြီးတော့ လက်နက် ငယ်တွေနဲ့ပစ်ပြီး ဆုတ်လာခဲ့တာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်မှ ကင်းပုန်းများကလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိသော်လည်း ပြည်သူတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။
“ စစ်ကောင်စီတပ်ဖွဲ့ရဲ့ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတဦး ခြေထောက်ထိမှန် ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟုပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ဆရာ ဝန်ကို ထွေအုပ်ရုံးအတွင်း ခေါ်ယူကုသနေကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။
ထွေအုပ်ရုံးတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့ပေါ်ရှိ ၎င်းတို့ တပ်စွဲထားရာနေ ရာများတွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က ရေစကြို ထွေအုပ်ရုံးကို Myingyan Black Tiger အဖွဲ့နှင့် မဟာ မိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခုဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ