နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ စက်တင်ဘာ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ စက်တင်ဘာ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့်နေ့ဖြစ်သည့် စက်တင်ဘာ ၇ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

  • ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ  အစည်းအဝေးကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေး ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၃၅/၂၀၂၃)ကို စက်တင်ဘာ ၅ ရက်၊ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း အတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲအစည်းအဝေး (၁၇/၂၀၂၃)ကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အစိုးရတရပ်၏ ဂုဏ်နှင့် ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်များ ကျင့်ကြံကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သတိပေး ပြောကြားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့တွင် တရားမဝင် ခဲသတ္တူ အရောင်း၊အဝယ် ပြုလုပ်သည် ဆိုကာ အမျိုးသမီး တဦး အပါအဝင် ဒေသခံ သုံးဦးကို ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးပြီးနောက် နှစ်ပတ်ကျော် အကြာ အထိ မိသားစုနှင့် အဆက်အသွယ်မရ သေးကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရ သည်။ 

  • ရဲနှင့် စစ်သားများကို စစ်အာဏာရှင်ဆန့်ကျင်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ကြရန် စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့က လူစည်ကား သောနေရာ ၁၁ ခုမှာ တော်လှန်ရေးအင်အားစုများက ပိုစတာတွေဖြန့်ဝေပြီး လှုံ့ဆော်ခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်မြို့ပြစစ်ဆင်ရေးများအတွက် လစဥ် ထောက်ပံ့နိုင်မည့် ထောက်ပို့တပ်သားသစ်များကို ရန်ကုန် People Revolution Supply Force(PRF) ကဖိတ်ခေါ်လျက်ရှိသည်။ 

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ အရပ်သား သားအဖနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးရှိ ဘုရားမဲ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ဒေသခံ အမျိုးသားတဦး စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ယင်းမြို့ရှိ ဒေသခံများထံက သိရသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ)မှနှုတ်ထွက်ပြီး မတ္တရာမျိုးမှန်တပ်ဖွဲ့(Madaya The Authentic Genes Force-MDA AGF) ဖွဲ့စည်းခြင်းသည် အကွဲအပြဲဇာတ်လမ်းမဟုတ်ဘဲ တော်လှန်ရေးအတွက် ပိုမိုအားကောင်းလာစေ မည်ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။ 

  • မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ဘောလုံးပြိုင်ပွဲကို လုံခြုံရေးယူ ကင်းပတ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တစီးအား မိုင်းဆွဲ တိုက်ခိုက်ရာ တပ်ကြပ် အောင်စိုးမိုး အပါအဝင် သုံးဦးသေဆုံးကြောင်း ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့ ထံမှသိရသည်။ 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျောက်ကုန်းကျေးရွာတပ်စွဲထား သည့်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ယနေ့(စက်တင်ဘာ ၆ရက်) တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီအထိနာသလို ကာကွယ်ရေးရဲဘော် လေးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြားမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေတောင်ဦးတွင် စစ်တပ် ကွန်ပျူတာစာသင်ကျောင်း ဖွင့်ပွဲပြုလုပ်စဉ် ရှော့ တိုက်ဒုံး၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brother Defense Force မှ သိရသည်။ 

  • မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဘဏ္ဍာငွေနှင့်စစ်လက်နက် ထောက်ပံ့နေသည့်“အသက် ၃၀ အထက်မသမာသူများ (Dirty Over 30)” သူဌေးကြီးများကို စင်ကာပူနိုင်ငံအား ဖိအားပေးနိုင်ရန် အတွက် မြန်မာ အရေးတက်ကြွလှုပ်ရှားသည့် Justice For Myanmar စက်တင်ဘာလ ၄ ရက်နေ့ တွင် ထုတ်ပြန်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်နီပြည်နယ်မှာ ဩဂုတ်လတလအတွင်း KNDF ပါဝင်သည့် တိုက်ပွဲပေါင်း (၅၀) ကျော်ဖြစ်ပွား ပြီး အကြမ်းဖစစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁၀) သေဆုံးကာ (၄၀) ကျော်ဒဏ်ရာရကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်က ထုတ်ပြန်သည်။ 

  • ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး ဒေသများ၌ ယနေ့တိုက်ပွဲ ဆက်လက် ပြင်းထန်နေသည်ဟု ကချင်သတင်းရင်းမြစ်နှင့် ဒေသခံက ပြောသည်။ 

  • ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးဒဏ်နှင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ ရက်အတွင်း အရပ်သား ၂ဦး သေဆုံးခဲ့ပြီး ဒေသခံ ၃,၀၀၀ နီးပါးထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်သည်။ 

 

စစ်ကောင်စီ 

  • မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုး ဖြင့် ဖမ်းဆီးနေကြောင်း ဒေသခံများက မဇ္စျိမကိုပြောသည်။ 

  • မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မည်ဟု စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့်  USDP ပါတီမှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်ကို ကိုးကားပြီး စက်တင်ဘာ ၅ရက်နေ့ AFP သတင်းမှာ ရေးသားထားသည်။ 

  • ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မြန်မာအကြမ်းဖက် စစ်ဗိုလ်ချုပ်များ ရယူခွင့်မပြုဘဲ ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေးရန် အာဆီယံ ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ 

  • တန်းတူကိုယ်စားပြုမှု ငြင်းပယ်ခံရသဖြင့် အာဆီယံ အစည်းအဝေးကိုမတက်ခြင်းဟု စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်သည်။ 

  • ဖမ်းဆီးခံထားရသည့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် သွားရောက်တွေ့ဆုံမှု များရှိ နေကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်း ၏ ထုတ်ပြန် ပြောဆိုချက်အရ သိရသည်။ 

  • အွန်လိုင်းဂိမ်းများဖြင့် လိမ်လည်မှုများ ဆောင်ရွက်နေကြသူများကို ထိရောက်စွာ တားဆီး ကာကွယ်နိုင်ရေးအတွက် ထိုင်း နှင့် စစ်ကောင်စီ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ယနေ့ကစပြီး ကညနမှာ လိုင်စင်ဝင်ရင် ကားပါ အစစ်ခံရမည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။ 

  • ရန်ကုန်တိုင်းဒေသကြီးတွင် အခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၄၅ ခု ဝင်ရောက်မှုရှိခဲ့ကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အချက်အလက်များကို ကိုးကား၍ Myanma Platform သတင်းတွင် ဖော်ပြထားသည်။ 

စက်တင်ဘာ ၆ ရက် သုံးသပ်ချက် 

  • အာဆီယံမှ အကြမ်းဖက်လူသတ် ရွာများမီးရှို့နေသည့် အကြမ်းဖက်စစ်ကောင်စီကို အစိုးရ တစ်ရပ် အဖြစ် အသိအမှတ်မပြုသည့်အတွက် အာဆီယံဥက္ကဋ္ဌ လုပ်ခွင့်မပြုဘဲ အလှည့် ကျော်သွားသည်ကို တွေ့ရသည်။ 

  • အညာဒေသတွင် မိုးရေကြီးမြင့်မှု၊စစ်တပ်က ဖြတ်လေးဖြတ်ပြုလုပ်ထားမှု ရွာများကို စစ်ကြောင်း ထိုး မီးရှို့မှုများကြောင့် ပြုလုပ်နေကြဖြစ်သည့် အာဏာရှင်ဆန့်ကျင့် ဆန္ဒပြလှုပ်ရှား မှုများမလုပ် နိုင်တော့သည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly