နေပြည်တော်ရှိ ဆေးရုံတွင် ဒေါ်အောင်ဆန်းစုကြည် ယနေ ့ မျက်စိခွဲစိတ်ကုသမှုခံယူမည်

နေပြည်တော်ရှိ ဆေးရုံတွင် ဒေါ်အောင်ဆန်းစုကြည် ယနေ ့ မျက်စိခွဲစိတ်ကုသမှုခံယူမည်

အမျိုးသားဒီမိုကရေစုအဖွဲ့ချုပ်ပါတီဥက္ကဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနံက် ပိုင်း၌ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း အထူးကု ဆေးရုံတးကြီးတွင် မျက်စိခွဲစိတ်ကုသမှုခံယူမည်ဖြစ်သည်။

ခွဲစိတ်ကုသမှုကို အငြိမ်းစားယူပြီးဖြစ်သည့် မျက်စိအထူးကုဆရာဝန်ဖြစ်သူ ပါမောက္ခ ဒေါက်တာခင်ဥမ္မာခိုင် ကဦးဆောငိမည်ဖြစ်ပြီး ဆေးရုံမှ အထူးကုဆရာဝန်များလည်းပါဝင်မည်ဖြစ်ကြောင်း ယင်းဆေးရုံမှ စုံစမ်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ခွဲစိတ်ကုသမှုခံယူမည့် ဆေးရုံသို့နိုင်ငံတော်သမ္မတ ဦးထင်ကျော် လာရောက် ကြည့်ရှုမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပါခွဲစိတ်ရန်ပြင်ဆင်ထားသော်လည်း ယနေ့တွင် ခွဲစိတ်မှု ခံယူမည်မဟုတ်တော့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly