နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းစဉ်များကို ပူးပေါင်းလုပ်ဆောင်နိုင် ရေးအတွက် ရည်ရွယ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပြည်သူ့ ရေးရာ ကော်မတီနှင့် Enlightened Burma - Social Science Institute တို့အကြား တွေ့ဆုံ ဆွေးနွေးမှုကို ဩဂုတ် ၂၈ ရက်၊ မွန်းလွဲ ၂ နာရီမှာ ဗီဒီယိုကွန်ဖရင့်ကနေ ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ရေးအရှိန်မြင့် တိုးတက်လာတဲ့ ထိုးစစ်ကာလမှာ တိုက်ပွဲဝင်ရဲဘော်တွေအတွက် ပြည်သူ့တော် လှန်ရေး ထောက်ပို့တပ် PRF ကနေ လစဉ်ထောက်ပို့ပေးကြရန် အတွက် အမျိုးသားညီ ညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း တို့မှာရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၃၄/၂၀၂၃)ကို ဩဂုတ် ၂၉ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • စစ်မျက်နှာအားလုံးတွင် မဟာဗျူဟာကျကျနှင့် စွမ်းဆောင်နိုင်မှသာ ပြည်သူလူထုအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းအပြည့်အ၀ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖန်တီးပေး နိုင်မှာလို့ ယာယီသမ္မတပြောကြားသည်။ 

  • စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးပြောရန် အချိန်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် နိုင်ငံခြား ရေးမူဝါဒ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသည်။ 

  • မြန်မာ့အရေးအပေါ် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ အကြား တွေ့ဆုံဆွေးနွေးရေး နှင့် ပတ်သက်၍ အာဆီယံက ကြိုးပမ်းနေပြီး ထိုတွေ့ဆုံဆွေးနွေးရေး တခုတည်းကို ဇောင်းပေးပြီး တိုက်တွန်းနေခြင်းက စစ်ကောင်စီကို အချိန်ပေးခြင်းဖြစ်ပြီး စစ်ကောင်စီ၏ “ဖိနှိပ်မှုများကို ပိုမိုဆိုးရွား စေသည်” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

  • မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို အရေးယူမှုပါဝင်သည့် ဆုံးဖြတ်ချက်(Resolution)ချမှတ်နိုင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံနေရာများကို ဩဂုတ်လ ၂၇ ရက်မှစတင်ကာ ၂၉ ရက်နေ့အထိ သုံးရက်ဆက် ညပိုင်းများတွင် စုစုပေါင်းနေရာ ခြောက်ခုကို ဖောက်ခွဲတိုက်ခိုက်မှုပြု လုပ် ထားကြောင်း မြို့ပြပြောက်ကျားအဖွဲ့ထံမှတဆင့် သိရသည်။ 

  • မြန်မာနိုင်ငံဘက်ခြမ်းရှိ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇွန်လကတည်းက ထိုင်းနိုင်ငံ မယ်ဟောင် ဆောင် ပြည်နယ်ထဲ ဝင်ရောက် ခိုလှုံနေထိုင်ရလျက် ရှိသည့် မြန်မာဒုက္ခသည်များ၏ အရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရလျက် ရှိကြောင်း ထိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) က ပြောဆိုသည်။ 

  • လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်တွင် ရှိနေကြသော ရိုဟင်ဂျာ တသန်းကျော်သည် ဘေးကင်းစွာဖြင့် နေရပ်ပြန်နိုင်ရေး အလားအလာမှာ အနည်းအကျဉ်းသာ ရှိနေသည်နှင့် ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စည်သူသစ်ကွင်း အနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။ 

  • စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ် ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကြောင်းထိုးလာ၍ ကျေး ရွာ ၉ ရွာမှ ပြည်သူ ၈၀၀၀ ဝန်းကျင်ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်ပုန်းနေကြရကြောင်း Infinity Group ထံမှ သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်သည့် GON MARN Local PDF တပ်ဖွဲ့ဝင် လိုအပ်သော မောင်းပြန်တစ်လက်၊ ခဲယမ်းများနှင့် အခြားလိုအပ်သော အရာများဝယ် ယူရန် ပြုလုပ်နေ သည့် ကံစမ်းရင်းကူ အညာအလှူ ကမ်းပိန်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက် စစ်တပ်တို့အကြား ယမန်နေ့က တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး အထိနာသည့် အကြမ်းဖက်စစ်တပ် က လက်နက်ကြီးများ လေကြောင်းများအသုံးပြု တိုက်ခိုက် ခဲ့ကြောင်း TNLA မှ ထုတ်ပြန်သည်။ 

  • KNU အုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်) ၊ တပ်မဟာ ၃ ၊ ဆောထိမြို့နယ် (ရွှေကျင်မြို့နယ်) နဲ့ မူးမြို့နယ် (မုန်းမြို့နယ်) အတွင်း ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီး များနှင့် ပစ်ခတ်နေတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၆ လုံး ပျက်စီးခဲ့ရကြောင်း  KNU ဗဟိုက  ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံးခဲ့ကြောင်း ချင်းအမျိုးသား တပ်မတော်(CNA) ထံ မှ သိရသည်။ 

  • စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သည့် ၁၂၀ မမ လက်နက်ကြီးကို အသုံးပြု၍ သံလွင်မြစ် အရှေ့ဘက်ခြမ်း၌ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်အား Karenni Army Drone Force က ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြိိို့နယ်၊ တောင်သူစုရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) ​တပ်ဖွဲ့ဝင် ကိုရန်ရှင်းအောင်​၏ နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သိမ်း ဆည်းသွားကြောင်း ဒေသခံများနှင့် ကာယကံရှင် ကိုရန်ရှင်းအောင်ထံက သိရသည်။ 

  • နိုင်ငံကူးလက်မှတ်သက်တမ်း နှစ်နှစ်အထက် ကျန်နေသေးပြီး MOU စနစ်နှင့်လုပ်လုပ်နေကြသည့် မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်းကို မြဝတီနှင့် ကော့သောင်းမြို့တွင် တိုးပေးမည် ဖြစ်ကြောင်း ဘန်ကောက်မြို့မှာရှိသည့် စစ်ကောင်စီ မြန်မာသံရုံးက ဩဂုတ်လ ၂၆ရက်နေ့မှာ ထုတ်ပြန်ကြေညာသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ၌ ယနေ့ကျရောက်သော ဈေးနေ့တွင် ဈေးအတွင်း အရပ်သားပြည်သူများရှိနေစဉ် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျ ရောက်ပေါက်ကွဲ၍ လူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း လူထုနွေဦးသတင်းတွင် ဖော်ပြထားသည်။ 

  • မိုးကောင်းမြို့တွင်ကချင်တိုင်းရင်းသားတစ်ဦးအား KIA နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီ တပ်က ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအတွင်း စစ်‌ကြောရေးတွင် ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့်သေဆုံးသွားကြောင်း သတင်းရရှိသည်။ 

  • ဩဂုတ်လအတွက် အောင်ဘာလေထီရောင်းရငွေမှာ ကျပ်သန်း ၅၃၀၀ နီးပါးလောက်ရှိသည့် အတွက် ပြီးခဲ့တဲ့ လထက် အနည်းငယ်လျော့ကျသွားကြောင်း စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရက တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် တီဘီဆေးနဲ့ ဆေးပစ္စည်းတွေဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၄ သန်းခွဲ ချပေးထားကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ 

  • ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ ဩဂုတ် ၂၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့် အလုပ်သမားများ လုပ်ငန်းခွင်မှာ မပြေလည်မှု၊ ထိခိုက် ဒဏ်ရာရရှိမှု၊ သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ရက်ပေါင်း ၃၀ အတွင်းဖြေရှင်း ဆောင်ရွက်ရန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားသည်။ 

  • ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ ၂၀ ဈေးနှင့် တာမွေ အခွန်လွတ်ဈေးတို့မှာ ဧည့်မထဆန် တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် ရောင်းပေးမည့်အရောင်းဆိုင်များ တိုးမြှင့်ဖွင့်လှစ်မည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။ 

ဩဂုတ် ၃၀ ရက် သုံးသပ်ချက် 

  • စစ်အုပ်စုမှ တိုင်းပြည်ကို လက်နက်အားကိုးဖြင့် မတရားသိမ်းလိုက်သည့်အချိန်တိုင်း စစ်အုပ်စု ရာထူးမြင့်ပိုင်းသာ ကြီးပွားချမ်းသာသွားကြပြီး ပြည်သူလူထုကိ ဆီတိုးဝယ် ဆန်တိုးဝယ် အခြေ အနေမျိုးရောက်အောင်လုပ်ပြီး စစ်တပ်ကို ကျေးဇူးရှင်အဖြစ် ထင်မှတ်လာအောင် ဖန်တီးနေခြင်း ဖြစ်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရတော့ စစ်အုပ်စုကို ၂၀၂၃ ခုနှစ်အပြီး တိုက်ထုတ်ရန် ကြွေးကြော် ထားသည့်အတိုင်း ထိုးစစ်များနိုင်ငံအနှံ့ ပြုလုပ်ရန် ပြင်ဆင်လာသည်ကို တွေ့ရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly