ကန်ကြီးထောင့်ကြ့ံခိုင်ရေးအတွင်းရေးမှူး ပြန်လည်လွတ်မြောက်လာ

ကန်ကြီးထောင့်ကြ့ံခိုင်ရေးအတွင်းရေးမှူး ပြန်လည်လွတ်မြောက်လာ

ပုသိမ်၊ ဧပြီ ၈။            ။ ကန်ကြီးထောင့်မြို့၊မြို့နယ်တရားရုံးမှ မတ်လ၂၈ရက်နေ့တွင် ဆက်သွယ်ရေးအက်ဥပဒေပုဒ်၆၆(ဃ)အရ ထောင်ဒဏ်၆လ ချမှတ်ခံထားရသည့် ဦးသန်းထွန်းသည့် ဧပြီလ၈ရက်နေ့တွင် ပုသိမ်အကျဉ်းထောင်မှရက်စေ့ ပြန်လည်လွတ်မြောက်ခဲ့သည်။

သြင်္ကန်ပိတ်ရက်များတွင် လွတ်ရက်ပြည့်မည်ဖြစ်သဖြင့် ဧပြီ ၈ရက်နေ့တွင် လွတ်မြောက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ကန်ကြီးထောင့်မြို့၊ပြည်ခိုင်ဖြိုးပါတီတွဲဘက်အတွင်းအရေးမှူး ဦးသန်းထွန်းမှ ဒေါ်အောင်ဆန်းစုကြည်ပုံများအား ညစ်ညမ်းပုံများပြုလုပ်ပြီး လူမှုစာမျက်နှာ fbတွင်Thu Thuအကောင့်ခဲ့သည့်အတွက် ကန်ကြီးထောင့်မြို့မှ ဦးစည်သူအောင်မှ တရားလိုပြုတရားစွဲထားခြင်းဖြစ်ပြီး၊ ကန်ကြီးထောင့်မြို့၊မြို့မရဲစခန်းမှ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုပြီးတင်ပို့ခဲ့ခြင်းဖြစ်သည်။

၊ဦးသန်းထွန်းသည်  နိုဝင်ဘာလ၂၅ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး မတ် ၂၈ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်တရားရုံးမှ အမှုထင်ရှားသဖြင့် ထောင်ဒဏ် ၆လ ကျခံစေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly