မြန်မာနိုင်ငံအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေပွဲ  နယူးယောက်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေပွဲ  နယူးယောက်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်နေသော နေရာများကို လှူဒါန်းရန်အတွက် Summer Musical Night-NYC ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Queens Theater တွင် ဩဂုတ်လ ၁၉ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄ နာရီမှ ည ၉နာရီအထိ ကျင်းပခဲ့သည်။

အဆိုပါဖျော်ဖြေပွဲတွင် ဟစ်ဟော့ပထမမျိုးဆက် Acid အဖွဲ့မှ ရန်ရန်ချန်း၊ DJ Wine ,Melody world မှ ကျော်သီဟ , Myanmar idol မှ နင်ဇီမေ မော်ဒယ်သရုပ်ဆောင် မြတ်နိုးအေး၊ ရုပ်ရှင်သရုပ်ဆောင် သီဟအထူးဧည့်သည် မီမီဝင်းဖေတို့မှ နယူးယောက်ဒေသခံ Spring Revo Music Band နှင့်အတူဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ရန်ပုံငွေ ဖျော်ဖြေပွဲသို့ အဝေးရောက် မြန်မာတိုင်းရင်းသားပေါင်းစုံ ၄၀၀ ခန့် ကြိုတင်လက်မှတ်များဝယ်ယူကာ လာရောက်အားပေးခဲ့ကြကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှ ရရှိသောအကျိုးအမြတ်အားလုံးကို မြန်မာပြည်မှ အရေးပေါ်လိုအပ်နေသော ဒေသများသို့ ပေးပို့လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Photo Credit Kyaw Soe Latt, Terry Win, Htoo Nyi

#WhatsHappeninginMyanmar
#SpringRevMusicBand
#NYCBC
#SaveBurma
#Mizzima
#NewYorkCity
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly