မြန်မာနိုင်ငံတွင် အသက် ၁၀နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေး ၈ ကြိမ် ထိုးလေ့ရှိရာ ကာကွယ်ဆေးထိုးရမည့် အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့ပါက နောက်ဆက်တွဲအနေဖြင့် သေဆုံးနှုန်းများ မြင့်တက်လာနိုင်ကြောင်း CDM သမားတော်တစ်ဦးက မဇ္ဈိိမကို ပြောသည်။
ကလေးငယ်များအား မွေးကင်းစတွင် တစ်ကြိမ်၊ အသက်နှစ်လသားတွင် တစ်ကြိမ်၊ လေးလသားတွင်တစ်ကြိမ်၊ ခြောက်လသားတွင်တစ်ကြိမ်၊ ကိုးလသားတွင်တစ်ကြိမ်၊ တစ်နှစ်ခွဲအရွယ်တွင် တစ်ကြိမ်၊ ကိုးနှစ်အရွယ်တွင်တစ်ကြိမ်နှင့် အသက်ဆယ်နှစ်တွင်တစ်ကြိမ် ကာကွယ်ဆေးများအား ထိုးရမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးသည် အစိုးရ၏ အစီအစဉ်ဖြင့် ထိုးပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများမှ ကလေးငယ် ၆၀ ရာခိုင်နှုန်းခန့်သည် စစ်ဘေးရှောင်နေရသဖြင့် ကာကွယ်ဆေးထိုးခွင့် မရရှိကြကြောင်း သိရသည်။
မေးမြန်း/တည်းဖြတ်-ဂျူချန်း
#ကလေးငယ်ကာကွယ်ဆေး
#Mizzima
#ကရင်နီစစ်ကိုင်း