၂၀၁၄-၂၀၁၅ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် နိုင်ငံရေး နှင့် ဆက်နွယ်သည့် ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားမှ ဆုများစွာ သိမ်းပိုက်ခဲ့

၂၀၁၄-၂၀၁၅ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် နိုင်ငံရေး နှင့် ဆက်နွယ်သည့် ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားမှ ဆုများစွာ သိမ်းပိုက်ခဲ့

ရန်ကုန် ၊ ဧပြီ ၃ ။  ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူ ဆောင်ရွက်သည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ အခမ်းအနားကို ဧပြီ ၃ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Event Park ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ယခုနှစ်တွင် ကျင်းပသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲအခမ်းအနားသည် ၂၀၁၄၊ ၂၀၁၅ ခုနှစ် နှစ်နှစ်ပေါင်းအတွက် ဆုများချီးမြှင့်သည့် ပွဲလည်း ဖြစ်သည်။

ယခုနှစ်တွင် အကယ်ဒမီ ဆန်ကာတင် ဇာတ်ကားများကို ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိခြင်းကြောင့် အနုပညာရှင်များကြားတွင် ရင်ခုန်မှုများ ပိုမို များပြားခဲ့ပြီး ပရိသတ်များ ကြားလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်များ အတွက် ရင်ခုန်မှုများ ရှိခဲ့သည်။

ပရိသတ်များ ခန့်မှန်းထားသည့် အတိုင်း ၂၀၁၅ ခုနှစ် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို တက္ကသိုလ် ဂွမ်းပုံက ရရှိခဲ့သလို ၂၀၁၄ ခုနှစ် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ ဆုရရှိသူ ကိုယ်တိုင် မထင်မှတ်ထားသည့် အကယ်ဒမီဝတ်မှုံရွှေရည်က ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး ဒါရိုက်တာဆု မရရှိခဲ့ပေ။ 

အမျိုးသမီး ဇာတ်ပို့ဆုမှစလို့ ပရိသတ် မထင်မှတ်ထားသူများ ရရှိချိန်တွင် ဘယ်သူ ဘာဆု ရရှိမလဲဟု ပရိတ်များ နှင့် အနုပညာရှင်များ ရင် တစ်ခုန်ခုန်ဖြင့် ကြည့်ရှုခဲ့ရသည်။

ယခင်နှစ်က အကယ်ဒမီ ထူးချွန်ဆုပေးရာတွင် ရသင့်ရထိုက်သည့် ပညာရှင်များ မပါဝင်သည့် အတွက် လူပြောများခဲ့သလို ယခု နှစ်နှစ်ပေါင်း ကျင်းပသည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင်မူ ပညာရှင်များ အပြင် ဇာတ်ပို့ဆုများ ပါဝင်သော်လည်း ဒါရိုက်တာဆုမှာမူ  ၂၀၁၅ ခုနှစ် တစ်နှစ်အတွက်သာ ချီးမြှင့်ခဲ့သည်။ 

၂ဝ၁၄ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင်အသံဆုကို ဦးကြည်မင်းသိန်း၊ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ ရုပ်ရှင် တေးဂီတဆု ကို ဂီတမှူး ဦးခင်မောင်ကြီး၊ ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ ရုပ်ရှင်တေးဂီတဆုကို ဂီတမှူး လှဆန်းဦး၊ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် တည်းဖြတ်ဆုကို သော်ဇင်၊ ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် တည်းဖြတ်ဆု ဇော်မင်း(ဟံသာမြေ)၊ ၂၀၁၄ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဇာတ်ညွှန်းဆုကို ဇော်မြင့်ဦး၊ ၂၀၁၄ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ ရုပ်ရှင် ဓာတ်ပုံဆုကို တိုးဝင်းပြည်စိုး၊ ၂၀၁၅ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆု ဇော်မြင့်(ကွယ်လွန်)၊ ၂၀၁၄ခုနှစ် အတွက် အကောင်းဆုံး  အမျိုးသမီး ဇာတ်ပို့ဆုကို အကယ်ဒမီ ဝတ်မှုံရွှေရည်၊ ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို တက္ကသိုလ်ဂွမ်းပုံ၊ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို အကယ်ဒမီ ဇင်ဝိုင်း၊ ၂၀၁၅ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ဗေလုဝ၊ ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံး  ဒါရိုက်တာဆုကို အကယ်ဒမီ ဝိုင်း၊ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဇာတ်ကားဆုကို ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ခိုင်သင်းကြည်၊ ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို အကယ်ဒမီ ဖွေးဖွေး၊ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို အကယ်ဒမီ ပြေတီဦး၊ ၂၀၁၅ ခုနှစ် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို အကယ်ဒမီ နေတိုး တို့က အသီးသီး ရရှိ ခဲ့ကြသည်။

၂၀၁၄-၂၀၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲ အခမ်းအနားသည် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ် နှင့်အတူ ကျင်းပ ပြုလုပ်သည့် ပွဲဖြစ်ပြီး ပရိသတ်နှင့် အနုပညာရှင်များကြား  ခန့်မှန်း ရင်ခုန်မှုများဖြင့် မထင်မှတ်ထားသည့် ဆု ရရှိသူများဖြင့်  တမူထူးခြားလို့ နေခဲ့သည်။

ထိုအခမ်းအနားကို နိုင်ငံတော် အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့နိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဖိတ်ကြားထားသည့် အနုပညာရှင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲသို့ တက်ရောက်လာသည့် မင်းသမီးများ၏ ပွဲတက်ဝတ်စုံ ဒီဇိုင်းများကလည်း ပရိသတ်ကြား လူပြော များခဲ့သလို ယခင်နှစ်ထက် ပွဲကျင်းပသည့် ပုံစံ ကွဲပြားမှုကြောင့် ပရိသတ်တွေ ပြောစရာ များခဲ့သည့် ပွဲတစ်ခုလည်း ဖြစ်သည်။

၂၀၁၆ခုနှစ် ဧပြီ ၃ရက်တွင် ပြုလုပ်သည့် ၂၀၁၄-၁၅ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ချီးမြှင့်ခဲ့သည့် ဆုများ
---------------------------------------------
၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးရုပ်ရှင်အသံဆုကို‬ ဦးကြည်မင်းသိန်းက ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် မာယာပရောဂျက် ဇာတ်ကားဖြင့် ရရှိသွားပြီဖြစ်သည်။

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို‬ ဂီတမှူး ဦးခင်မောင်ကြီးက 
ဒါရိုက်တာဇေပါရိုက်ကူးထားသည့် ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။

၂၀၁၅ခုနှစ်အတွက် #အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို ဂီတမှူး လှဆန်းဦးက ဒါရိုက်တာ သီတာလင်း ရိုက်ကူးသည့် မောင့်အိမ်သူ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို‬ သော်ဇင်က ဒါရိုက်တာဇေပါ ရိုက်ကူးထားသည့် ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။

၂၀၁၅ခုနှစ်အတွက် #အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို ဇော်မင်း(ဟံသာမြေ)က ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးသည့် ချစ်စံအိမ် ၂၀၂၈ ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးမြန်မာ့ရုပ်ရှင်ဇာတ်ညွှန်းဆုကို‬ ဇော်မြင့်ဦးက ဒါရိုက်တာဇေပါရိုက်ကူးထားသည့် ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို‬ တိုးဝင်းပြည်စိုးက ဒါရိုက်တာသိန်းဟန် (ဖီးနစ်)ရိုက်ကူးသည့် အဆုံးမဲ့အချစ်ဇာတ်ကားဖြင့် ရရှိသွားပြီ။

၂၀၁၅ခုနှစ်အတွက် #အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို ဇော်မြင့် (ကွယ်လွန်)က ဒါရိုက်တာဝိုင်း ရိုက်ကူးသော ကျူးပစ်၏ကျေးကျွန်များ ဇာတ်ကားဖြင့် ရရှိသွားခဲ့ပြီ။

၂၀၁၄ခုနှစ်အတွက် #အကောင်းဆုံး အမျိုးသမီး ဇတ်ပို့ဆုကို ဝတ်မှုံရွှေရည်က နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားဖြင့် ဆုရရှိသွားသည်။

၂၀၁၅ခုနှစ်အတွက် #အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို တက္ကသိုလ်ဂွမ်းပုံက ဤအရာကိုအချစ်ဟုခေါ်သလား ဇာတ်ကားဖြင့် ရရှိသွားသည်။

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု‬ နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားဖြင့် ဇင်ဝိုင်းက ရရှိသွားသည်။

၂၀၁၅ခုနှစ်အတွက် ‪#‎အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု‬ကို ဤအရာကို အချစ်လို့ခေါ်သလားဇာတ်ကားတွင် ဗေလုဝက ရရှိသွားသည်။

၂၀၁၅ခုနှစ်အတွက် ‪#‎အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု‬ကို ဒါရိုက်တာဝိုင်းက ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားဖြင့် ရရှိခဲ့ပြီ။

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု‬ ကို မင့်မိုရ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်သည့် ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကား ရရှိသွားသည်။

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု‬ ကို ခိုင်သင်းကြည်က ဒါရိုက်တာဇေပိုင်ရိုက်ကူးသည့် ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဖွေးဖွေး ကကျွန်မက နှင်းဆီပါမောင် ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။ 

၂၀၁၄ခုနှစ်အတွက် ‪#‎အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို‬ ပြေတီဦးက နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၂၀၁၅ခုနှစ်အတွက် ‪#‎အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု‬ ကို နေတိုးက နက္ခတ်မှားတဲ့ တိုက်ပွဲ ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required