ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်မှ အမြန်ရေယာဉ်တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
04 July 2023
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်မှ အမြန်ရေယာဉ်တိုက်ခိုက်ခံရ
ဓာတ်ပုံ - ပုံဟောင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဆိပ်ကမ်းမှ အင်အား ၈၀ ခန့်ဖြင့် မုံရွာမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီအမြန်ရေယာဉ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီအချိန်တွင် မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်း တစ်နေရာ၌ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်နိုင်ခြေရှိကြောင်း Hero Fighter (Salingyi) မှ ခေါင်းဆောင်ဗိုလ်သူရိန်က မဇ္ဈိမကိုပြောသည်။

“တိုက်ခိုက်ခဲ့တာကတော့ ရှေ့ထွက်မိုင်းတွေအများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက် အပြန် အလှန်ပစ်ခတ်မှု မိနစ် ၃၀ လောက်ရှိခဲ့တယ်။ ညတိုက်ပွဲဖြစ်တဲ့အတွက် ရန်သူ့ဘက်က ထိခိုက်သေဆုံးမှု ကိုတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

တိုက်ခိုက်မှုကို Hero Fighter (Salingyi) ၊ Chindwin Dynamite ၊ Fighter 9 Force တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ဖော်ဆောင်ခဲ့ခြင်းဟု သိရသည်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားသုံးကာ ကျေးရွာများကိုစစ်ကြောင်းထိုး၊ မီးရှို့မှုများ နေ့စဉ်ပြုလုပ်နေသည့် အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required