မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားကော်ပိုရေးရှင်း( MEC ) က သိမ်းပိုက်ထားပြီး လုပ်ငန်းရှင်အချို့နဲ့ တူးဖော်လုပ်ကိုင်နေတယ်လို့ ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒေသခံတွေရဲ့နစ်နာချက်တွေကို တိုင်ကြားထားတာရှိနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ တပ်ရင်းအမှတ် (၈၀၆) ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောပါတယ်။
လက်ရှိမှာ မိုးထိမိုးမိ ရွှေလုပ်ကွက်(A)က ရွှေတွင်း ၁၀၀ ကျော်အနက် ၃၀ ကို MEC ကနေ ပြည်တွင်းလုပ်ငန်းရှင်တွေကို နေရာချထားပေးပြီး တူးဖော်လုပ်ကိုင်နေတာဖြစ်ပါတယ်။