စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တနေရာတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် ပြည့်မွေးနေ့အခမ်းအနားနှင့် စစ်အာဏာရှင်ဆန်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြကြောင်း ဦးဆောင်သူများထံ မှ သိရသည်။
“အမေစုမွေးနေ့ အမှတ်တရစကားပြောတာ၊ စစ်အာဏာရှင်စနစ် တော်လှန်ရေးတရား ဟောပြောတာ၊ သွေးသစ္စာသီချင်းသံပြိုင်သီဆိုတာနဲ့ အမေစု ဘေးကင်းကျန်းမာစေဖို့ ဆုတောင်းမေတ္တာပို့သခြင်းတွေ ပြု လုပ်ခဲ့ပါတယ်” ဟု ကနီသပိတ်ဦးဆောင်သူတဦးကပြောကြားသည်။
ထို့ပြင် ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသားမိဘ ပည်သူပေါင်းအား ဦးညွှတ်အလေးပြုခြင်းအပြင် “ပြည်သူသည်သာ အဓိက” ၊ “အလံ မလိပ် အသံမတိတ် ကနီသပိတ်” စာတန်းများကိုင်ဆောင်၍ ကြွေးကြော်ချီတတ် ဆန္ဒပြခဲ့ကြောင်း သိရ သည်။
အလားတူ ကနီမြို့နယ်မှ ကျေးလက်နေအမျိုးသမီးများစုပေါင်း၍ ပေါင်းပေါက်ရင်း ပန်းသပိတ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။
Photo - Pyae Aung Naing Kani
စာတည်း။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ