နော်ဝေနိင်ငံ၊ ဖရိုလဲန်မြို့ရှိ အောင်ဆန်းစုကြည်ပန်းခြံ၌ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက် ကျင်းပကြောင်း သိရသည်။
အခမ်းအနားကို ဖရိုလဲန်ပြည်နယ် ဒုမြို့တော်ဝန်နှင့် အကြီးအကဲများ၊ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လိုလားသူများ အတူတကွပူးပေါင်း ကျင်းပကြကြောင်းသိရသည်။
'' ဒီနှစ် အမေစု ၇၈ နှစ်ပြည့်မွေးနေ့ကို နော်ဝေးနိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး ကိုယ်တိုင်တက်ရောက်ဖို့ပြောထားပြီးကာမှ ကိစ္စတစ်ခုပေါ်လာတဲ့အတွက် သူမလာနိုင်တော့ဘဲ ဗွီဒီယိုနဲ့စကားပြောတယ်။ ဒီပြည်နယ်မှာရှိတဲ့ ဒုတိယမြို့တော်ဝန်ကိုယ်တိုင် တက်ရောက်တယ်။ ပြီးတော့ဖရိုလဲန်မြို့တော်ဝန် တက်ရောက်တယ်။ နောက်ပြည်တွင်း ပြည်ပက ဒီမိုကရေစီလိုလားသူတွေပါဝင်မယ်။ ဒါကလည်းအမေစုလွတ်မြောက်ရေးအတွက် အားလုံး တက်တက်ကြွကြွ ပါဝင်ကြတာပါ ''ဟု အောင်ဆန်းစုကြည်ပန်းခြံကော်မတီ ဥက္ကဌဆလိုင်းဂျွန်မန်းက ဆိုသည်။
ထို့ပြင့် နိင်ငံတကာရှိ အောင်ဆန်းစုကြည်ပန်းခြံလူငယ်များ ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#၇၈ နှစ်ပြည့်