အခု ရာစုနှစ်အကုန်မှာ လူပေါင်း နှစ်ဘီလီယံကျော်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့အထိ အပူလွန်ကဲတဲ့ နိုင်ငံတွေမှာ နေထိုင်ကြရလိမ့်မယ်လို့ ဥရောပနဲ့ တရုတ်နိုင်ငံက သုတေသီတွေက ပြောလိုက်ပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်တွေအရ အဲဒီအချိန် ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတပုံဟာ ဒီအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။