ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ထားသော တက်တူး(tattoo)ဆိုင်များပိတ်သိမ်းရန် ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ် စည် ပင်သာယာရေးအဖွဲ့က သတိပေးစာများပေးပို့ထားသည်ဟု တက်တူးဆိုင်ပိုင်ရှင်များထံမှ သိရသည်။
“ကျွန်တော်တို့ကို ၈ ရက်နေ့က စည်ပင်ရော၊ ရဲရော၊ အုပ်ချုပ်ရေးမှူးတချို့ရော လာပြောသွားတယ်။ ဆိုင်း ဘုတ်လည်း ဖြုတ်ခိုင်းတယ်”ဟု အမည်မဖော်လိုသည့် မြဝတီမြို့ပေါ်မှ တက်တူးဆိုင်ရှင်တဦးက ဆိုသည်။
ပိတ်ခိုင်းရသည့် အကြောင်းအရင်းကိုမူ လက်ရှိအချိန်ထိ မသိရသေးကြောင်း တက်တူးဆိုင်ပိုင်ရှင်အများ စုက မှတ်ချက်ပြုသည်။
“ကျွန်တော်တို့ မြဝတီမြို့ပေါ်က ဆိုင်တိုင်းကို ဆိုင်ရှင်နာမည်နဲ့ စာရွက်တွေလိုက်ပေးတယ်”ဟု အမည်မဖော်လိုသည့် မြဝတီမြို့ဒေသခံတဦးကလည်း ဆိုသည်။
ထို့ပြင် သတိပေးစာပါ အကြောင်းအရာများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကရင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့များက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး စစ်ကောင်စီလက်အောက်ခံ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် အုပ် ချုပ်ရေးအဖွဲ့အား မဇ္ဈိမက ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ