ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ကာ လက်နက်များ သိမ်းဆည်း(ရုပ်သံ)

By လွှမ်းမိုး (မဇ္ဈိမ)
11 June 2023
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ကာ လက်နက်များ သိမ်းဆည်း(ရုပ်သံ)

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီး ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့ ညနေပိုင်းအချိန်က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းတိုက်ပွဲအထိ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်က အခုလိုပြောပြပါတယ်။

တိုက်ပွဲကို Buffalo PDF ၊ ပြည်ထောင်စုလွတ်မြောက်ရေး တပ်ပေါင်းစု(ULF) နှင့် ဒေသခံ မဟာမိတ် တပ်ဖွဲ့တို့ ပူးပေါင်းတိုက်တာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 

ရုပ်သံတည်းဖြတ်။ ။ ဂျူချန်း

#စစ်ကိုင်းတိုင်း

#ဆားလင်းကြီးမြို့နယ်

#ရဲစခန်း

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly