စစ်ရေးအရှိန် မြင့်လာတဲ့ ပဲခူးတိုင်း(ရုပ်သံ)

By ရွှေနွယ်( မဇ္ဈိမ )
09 June 2023
စစ်ရေးအရှိန် မြင့်လာတဲ့ ပဲခူးတိုင်း(ရုပ်သံ)

ပဲခူးတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရာထူးအကြီးပိုင်းတွေပါ သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မေလကုန်ပိုင်းမှာ လာရောက်တွေ့ဆုံသွားပါတယ်။ ဒီလို NUG ဝန်ကြီးရဲ့ မြေပြင်ကွင်းဆင်းလာတာဟာ စစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုဘက်က အားကောင်းလာနေတာကို ပြသနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ်ဟာ အရေးပါတဲ့နှစ်တစ်ခုဖြစ်ပြီး ပဲခူးတိုင်းအတွင်းမှာ ဒီထက်ပိုတဲ့ စစ်ဆင်ရေးတွေလည်း ရှိလာဦးမှာဖြစ်တဲ့အကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။

တည်းဖြတ်၊ တင်ဆက် − ရွှေနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly