နေရပ်ပြန်ပို့ရေးစီမံချက် ချက်ချင်းဆိုင်းငံ့ဖို့ ကုလကပြောကြား၊ တချိန်တည်းမှာပဲ မြန်မာပြည်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆန္ဒပြတောင်းဆို

နေရပ်ပြန်ပို့ရေးစီမံချက် ချက်ချင်းဆိုင်းငံ့ဖို့ ကုလကပြောကြား၊ တချိန်တည်းမှာပဲ မြန်မာပြည်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆန္ဒပြတောင်းဆို

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းထားဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၈ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ စခန်းတွေမှာ ရိုဟင်ဂျာ တသန်းကျော် ခိုလှုံနေတာပါ။ 

အများစုဟာ လွန်ခဲ့တဲ့ (၆)နှစ်လောက်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုကနေ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသူတွေဖြစ်ပြီး အချို့ကတော့ အဲဒီအရင်ကတည်းက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခဲ့သူတွေပါ။

၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်နဲ့ချီ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ နေရပ်ပြန်ပို့ဖို့ ကြာသပတေးနေ့ကပဲ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required