ကမ္ဘာ့မှာ ဥတုရာသီပြောင်းလဲဖောက်ပြန်မှုအကျိုးဆက်ကြောင့် ကမ္ဘာ့အမြင့်ဆုံး နှင်းတောင်ကြီးတွေကနေ နှင်းတွေအရည်ပျော်ကျတာ တွေ့နေရပါတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်တာ၊ ရေခဲလွှာတွေနဲ့ နှင်းထုတွေ အရည်ပျော်တာကြောင့်လည်း ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ပေါ်က ရာသီဥတုအခြေအနေေတွေ ကြိုတင်ခန့်မှန်းဖို့ ပိုပြီးခက်ခဲလာပါတယ်။ ဧဝရက်တောင်ထိပ်ကို လူသားတွေ ပထမဆုံး ခြေချနိုင်ခဲ့တာ အနှစ် (၇၀) ပြည့်ရောက်လာချိန်မှာ ဧဝရတ်တောင်ကြီး ပတ်ဝန်းကျင်ပူနွေးမှုရဲ့ ဒဏ်တွေ ဘယ်လိုခံနေရပါလဲ။ AP သတင်းဆောင်းပါးကို နန်းလောင်ဝ် တင်ပြထားပါတယ်။