စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ ကျေးရွာများစုပေါင်းထားသော ကျေးရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၁၀ ရက်မြောက်အဖြစ် ဇွန်လ ၆ ရက် ယနေ့ တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့သည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက် ခဲ့ကြခြင်းဖြစ်သည်။
ကျေးရွာပေါင်းစုံသပိတ်သည် ကျဆုံးအာဇာနည်များကိုအလေးပြုခဲ့ကြပြီး သွေးသစ္စာသီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ကြောင်းသိရသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဟုဆိုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ