ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဦးစီးမှူးရုံးတွင် ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲ ၁၂ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခွန်ဌာနမှ ဒုဦးစီးမှူးအပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရသည်။
“ဗုံးသံက အကျယ်ကြီးမို့ လန့်သွားတာပဲ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်။ ဝန်ထမ်းတင် သုံးလေး ယောက်ထိတယ်။ ကျန်တာက ရုံးကိုလာတဲ့သူလို့ပြောပေမယ့် သေချာမသိဘူး။ သုံးလွှာမှာပေါက်တာ အဲဒီ နေရာက အပြင်လူအဝင်အထွက်ကြိုက်သလိုလုပ်လို့ရတဲ့နေရာတော့ မဟုတ်ဘူး”ဟု မဇ္ဈိမ၏ သတင်း ရင်းမြစ်က ပြောသည်။
ပေါက်ကွဲမှုမှာ အခွန်ဦးစီးမှူးရုံး၏ သုံးလွှာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား လူနာ တင်ကားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ အခွန်ဌာနဝန်ထမ်း ဒုဦးစီးမှူးအပါအဝင် ငါးဦးအထိရှိနိုင်ကြောင်း သတင်းရင်း မြစ်၏ ပြောပြချက်အရ သိရသည်။
ပေါက်ကွဲမှုကြောင့် ပန်းဆိုးတန်းလမ်းတစ်လျှောက် မဟာဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ ပိတ်ဆို့ထား သလို ကုန်သည်လမ်းတွင်လည်း ပိတ်ဆို့မှုများလုပ်ကာ စစ်ကောင်စီတပ်၊ ရဲနှင့် ယာဉ်ထိန်းရဲတို့မှု စစ်ဆေး မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းမသိရသေးသော်လည်း မဇ္ဈိမအနေဖြင့် ရန်ကုန်တွင် လှုပ်ရှားနေသော မြို့ပြပြောက်ကျားအဖွဲ့အချို့အားဆက်သွယ်ကာ အတည်ပြုမှုရယူ လျက်ရှိ သည်။
စာတည်း။ ။စောဖေ