“တဗိုလ်တမင်းတဖွဲ့တသံမဟုတ်ဘဲ အားလုံးက နိုင်ငံရေး၊ စစ်ရေးမှာ စုစုစည်းစည်းဖြစ်ဖို့၊ ပိုမိုအားကောင်း တဲ့တော်လှန်ရေးတစ်ရပ်ဆင်နွဲဖို့နဲ့ ပြည်ထောင်စုအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပိုမိုကူညီထောက်ပံ့နိုင်ဖို့ရည်ရွယ်ပြီး ဖိုရမ်ကိုကျင်းပခဲ့ကြတာပါ”

By ပါခွီး (မဇ္ဈိမ)
04 June 2023
“တဗိုလ်တမင်းတဖွဲ့တသံမဟုတ်ဘဲ အားလုံးက နိုင်ငံရေး၊ စစ်ရေးမှာ စုစုစည်းစည်းဖြစ်ဖို့၊ ပိုမိုအားကောင်း တဲ့တော်လှန်ရေးတစ်ရပ်ဆင်နွဲဖို့နဲ့ ပြည်ထောင်စုအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပိုမိုကူညီထောက်ပံ့နိုင်ဖို့ရည်ရွယ်ပြီး ဖိုရမ်ကိုကျင်းပခဲ့ကြတာပါ”

စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းသူနှင့် ဆက်သွယ်မေးမြန်းချက် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင်အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့အစည်း ပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာသူ ၃၁ ဦး တက်ရောက်ဆွေးနွေးခဲ့သော စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ နှင့် ၃၁ ရက်နေ့များက ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းတွေဆုံနိုင်ရန်၊ လူထုမျော်မှန်းတဲ့ နိုင်ငံရေး၊ စစ်ရေး၊ အခင်းအကျင်း ကို တဗိုလ်တမင်းတဖွဲ့တသံမဟုတ်ဘဲ အားလုံးက နိုင်ငံရေး၊ စစ်ရေးမှာ စုစုစည်းစည်းဖြစ်ဖို့၊ ပိုမိုအား ကောင်းတဲ့တော်လှန်ရေးတစ်ရပ်ဆင်နွဲဖို့နဲ့ ပြည်ထောင်စုအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပိုမိုကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပြီး ဖိုရမ်ကိုကျင်းပခဲ့ကြတာပါ” ဟု စစ်ကိုင်းဖိုရမ်ပြောရေးဆို ခွင့်ရှိသူကိုလွမ်းသူက မဇ္စျိမကိုပြောသည်။

ဖိုရမ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေကဏ္ဍများကိုဆွေးနွေးခဲ့ပြီး တိုင်း အတိုင်ပင်ခံကောင်စီ(သို့) အစုအဖွဲ့တခုကိုတည်ဆောက်ပြီး ရှေ့လုပ်ငန်းစဉ်များ လုပ်ကိုင်သွားရန် သဘောတူခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းဖိုရမ်အတွင်း ဆွေးနွေးခဲ့မှုအခြေအနေများနှင့် လတ်တလောလုပ်ဆောင်နေမှုများ၊ ကြုံတွေ့လာ နိုင်မည့် အခက်အခဲစိန်ခေါ်ချက်များကို ဖိုရမ်ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းသူအား မဇ္စျိမက ဆက်သွယ်မေး မြန်းထားသည်။

စာတည်း။  ။စောဖေ

#စစ်ကိုင်းဖိုရမ်
#တော်လှန်ရေး
#နိုင်ငံရေး
8m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly