AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီရဲ့ NSPNC တို့ ယနေ့ ထပ်ဆွေးနွေး

AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီရဲ့ NSPNC တို့ ယနေ့ ထပ်ဆွေးနွေး

ရက္ခိုင့်တပ်မတော် AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ NSPNC တို့ ပထမနေ့တွေ့ဆုံမှု  ဖမ်းဆီးထားသူများပြန်လွှတ်ရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စများအပါအဝင် အခြားကိစ္စများရပ်များ ဆွေးနွေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ဆက်ဆွေးနွေးသွားမယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ ၄ မိုင်းလားမြို့   အရှေ့တိုင်း ဧည့်ရိပ်မွန်ဟိုတယ်မှာ   စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ ရက္ခိုင့်တပ်မတော်(AA)၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ တွေ့ဆုံခဲ့ကြတာပါ။

စစ်တပ်က ဆွေးနွေးချင်တဲ့ အချက်တွေထဲမှာ  ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးဆိုတဲ့ အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly