စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် လူထုသပိတ်စတင်ရာ နေရာတစ်ခုဖြစ်သည့် ဈေးတစ်ခုတွင် မုံရွာသပိတ်အင်အားစုမှ ဇွန်လ ၂ရက် ယနေ့နံနက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။
သပိတ်အင်အားစုသည် “လေကြောင်းအားကို မအေ-ိုး” စာတန်းနှင့် ခွပ်ဒေါင်းအလံကို ကိုင်ဆွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်အာဏာရှင်အလိုမရှိ” ၊ “လေကြောင်းတိုက်ခိုက်မှု ချက်ချင်းရပ်” ၊ “ပြည်သူ့အားမာန် စစ်အာဏာရှင်တွေ ခံနိုင်ရိုးလား” ၊ “အရေးတော်ပုံ အောင်ရမည်” စသည့်ကြွေးကြော်သံများဟစ်ကြွေးကာ လျှပ်တပြက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် စစ်ကိုင်းတိုင်း အပါအဝင် အခြားသော တိုင်းနှင့်ပြည်နယ်များကို စစ်ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ်များ အသုံးပြု၍ အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များကို သတ်ဖြတ်၍ စစ်ရာဇဝတ်မှုကျူးလွန်လျက်ရှိနေကြောင်း မုံရွာသပိတ်အင်အားစုက ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)