ကမ္ဘာမှာ Robusta ရိုဘတ်စတာ အမျိုးအစားကော်ဖီစေ့ အများဆုံးထွက်တဲ့ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့ဈေးကွက်မှာ နံပါတ် ၁ နေရာယူထားတဲ့ Arabica အရာဘစ်ကာ အမျိုးအစား ကော်ဖီစေ့တွေလို ထိပ်တန်းရောက်အောင် ကြိုးစားနေကြပါတယ်။ အရသာခါးတဲ့ Robusta ကော်ဖီစေ့တွေကို ပိုပြီးစွဲဆောင်နိုင်အောင် ဗီယက်နမ် ကော်ဖီလုပ်ငန်းကို ဘယ်လိုလုပ်ဆောင်နေလဲဆိုတာ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ပေးထားပါတယ်။